Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်အတွင်း ကုန်ရထားတွဲချော်ကျမှုဖြစ်ပွား


ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်း မိုးကောင်းနှင့် ထိုပူးဘူတာကြားတွင် ထိုပူးဘူတာမှ ထွက်ခွာလာသည့် အဆန်ကုန်ရထားတွဲချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အမှတ် (၂၄၇) အဆန်ကုန်ရထားသည် မတ် ၂၅ ရက် ညနေ ၅ နာရီခန့်က မိုးကောင်းနှင့် ထိုပူးဘူတာကြား မီးရထားမိုင်တိုင်အမှတ် (၆၈၄/၁၁)နှင့် (၆၈၄/၁၂)ကြား အရောက်တွင် ခေါင်းတွဲ နှင့် တွဲလွတ်နှစ်တွဲမှာ သံလမ်းမှချော်ကျခဲ့ကြောင်း သိရသည်။

ကုန်ရထားတွင် ခေါင်းတွဲအပါအဝင် စုစုပေါင်း ၁၄ တွဲပါရှိပြီး ချော်ကျခြင်းမရှိသည့် ၁၁ တွဲအား ထိုပူး ဘူတာဘက်သို့ ပြန်လည်ဆွဲယူထားပြီး ရထားလုံခြုံရေးအား နယ်မြေခံ တပ်မှ တာဝန်ယူစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.