Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိမိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းသို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၆ မျိုးခန့် ဝင်ရောက်လျက်ရှိ

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ ဆောင်းခိုငှက်တချို့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းသို့ ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၆ မျိုးခန့် ဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းသို့ နိုဝင်ဘာလဆန်း ပိုင်းက ဆောင်းခိုငှက်များ စတင်ဝင်ရောက်နေခြင်းဖြစ်ကာ နှစ်စဉ်ဝင်ရောက်နေကျ ဆောင်းခိုငှက်မျိုးစိတ်အားလုံး စုံလင်စွာ မရောက်ရှိသေးကြောင်းလည်း သိရသည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ငှက်များပျံသန်းနားခိုရာ ဧရိယာအတွင်း ကျရောက်လျက်ရှိသဖြင့် ငှက်မျိုးစိတ်များ အများဆုံးဝင်ရောက် တတ်သကဲ့သို့ ဆောင်းရာသီကာလတစ်လျှောက်လုံး နေထိုင်ကျက်စားခြင်း ဖြစ်ကာ မတ်လနှင့် ဧပြီလတို့တွင် ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂ဝဝ၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အသိအမှတ်ပြု ရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအင်းအတွင်းသို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက် ၃၆ မျိုး၊ ဌာနေငှက် ၇ဝ စုစုပေါင်းငှက်မျိုးစိတ် ၁ဝ၆ မျိုးမှ ငှက်ကောင်ရေ ၁၇ဝဝဝ ကျော် လာရောက် ကျက်စားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.