Connect with us

Environment, Disasters & Accidents

အားကောင်းသောမုန်တိုင်းငယ် ၏ အရှိန်ကြောင့် ယနေ့ နံနက်မှ နောက်(၄၈) နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်

မုန်တိုင်းဦးတည်ရာလမ်းကြောင်းပြ မိုးဇလမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ဇန်နဝါရီ ၇ ၇က် နံနက်မှ နောက်(၄၈) နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် မိုင်(၁၃၀)ခန့်၊ ဟိုင်းကြီး ကျွန်း (Hainggyikyun)၏ အနောက်တောင်ဘက် (၂၅၅)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အနောက်မြောက်ဘက် (၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက် ခတ်နိုင်ကြောင်း နှင့် လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင် သဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင် သတိပြုရှောင်ရှားကြရန် မိုးဇလမှ အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.