Connect with us

Environment, Disasters & Accidents

မာရသာမုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းပြည်ထောင်စုဝန်ကြီးထုတ်ပြန်


ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဧပြီလ ၁၆ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းတွင် ဝင်ရောက်ခဲ့သည့် မာရသာ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကနဦး သတင်းရရှိမှုစာရင်း၏ ပျက်စီးဆုံးရှုံးခဲ့မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး မှ ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ကြေညာချက်များထုတ်ပြန်ခဲ့သည်။

မာန်အောင်မြို့နယ်ရှိ မုန်တိုင်းတိုက်ခတ်သွားသည့်ရွာများတွင် နေအိမ်တချို့ ပြိုလဲပျက်စီးခြင်း၊ အမိုးလန်ခြင်းများရှိခဲ့ကြောင်း၊ တောင်ကုတ်မြို့နယ်တွင် လည်း နေအိမ်တချို့ နှင့် ကျောင်းများ၊ ပြင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် သွပ်လန်ခြင်း၊ အချို့နေရာများတွင် အမိုးအကာများ ပျက်စီးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှုံးမှု စာရင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ– Prof Win Myat Aye)

ပျက်စီးဆုံးရှုံးမှု စာရင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ– Prof Win Myat Aye)

ကျောက်ဖြူမြို့နယ်တွင် ဂုံးချွန်ကျေးရွာ၌ IDP စခန်းဆောင်အမှတ် ၇ ပျက်စီးခဲ့သည်ဟု သိရသည်။ ရမ်းဗြဲမြို့နယ်တွင် အမိုးလန်ခြင်းများဖြစ်ခဲ့ပြီး ငပလီမြို့တွင် လည်း အမိုးလန်ပျက်စီးခြင်းများဖြစ်ခဲ့ကြောင်း ဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီးကျေးရွာ နှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် လူနေအိမ် ၁၆လုံး ပြိုလဲခဲ့ပြီး ၁၅လုံး အမိုးလန်ခဲ့ကာ၊ ငပုတောမြို့နယ် ၊ ငရုတ်ကောင်းမြို့ရှိ ဂေါ်ရမ်ဂျီကျွန်းမြေသားလမ်းပျက်စီးမှုများဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ (မကွေး-ကံပြား) ကားလမ်း၊ ယင်းချောင်းလမ်းလွဲ ယာယီတံတား မိုင်တိုင် (၅၁) ပျက်စီးမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်လိုအပ်သည့်အထောက်အပံ့များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.