Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံပျက်စီးဧက စုစုပေါင်း ၁၉,၅၂၈ ဧက ရှိ

မြန်မာ နိုင်ငံ ရှိ တောင်သူတစ်ဦး လယ်ယာမြေများ စိုက်ပျိုးနေသည့် မြင်ကွင်းပုံ (ဆင်ဟွာ)

ရန်ကုန်၊ဇူလိုင်၃၁ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ်ဇွန်လ နှင့် ဇူလိုင်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံပျက်စီးဧက စုစုပေါင်း ၁၉,၅၂၈ ဧက ရှိကြောင်း လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

နေပြည်တော်တွင် နစ်မြုပ်ဧက ၂၃၊ ပြန်ပေါ်ဧက ၂၃၊ ကချင်ပြည်နယ်တွင် ပျက်စီးဧက ၃၅၂၉၊ နစ်မြုပ်ဧက၂၆၅၅၉၊ ပြန်ပေါ်ဧက ၂၃,၆၁၅၊ ထိခိုက်ဧက ၈၂၅၉ ရှိသည်။ ကရင်ပြည်နယ်တွင် နစ်မြုပ်ဧက ၇၅၁ ရှိသည်။စစ်ကိုင်းတိုင်းဒေသကြီးတွင် နစ်မြုပ်ဧက ၁၁၆၅၀၀၊ ပြန်ပေါ်ဧက ၆၇,၃၄၄၊ ထိခိုက်ဧက ၅၁,၁၀၅၊ ပျက်စီးဧက ၂၃,၁၀၂၊ ပဲခူးတိုင်းဒေသကြီးတွင် နစ်မြုပ်ဧက ၁၀၉,၄၀၂၊ ပြန်ပေါ်ဧက ၁၄၄၂၊ ထိခိုက်ဧက ၁၃၂၇၊ ပျက်စီးဧက ၁၃၂၇၊ မကွေးတိုင်းဒေသကြီးတွင် နစ်မြုပ်ဧက ၁၀,၀၅၅၊ ပြန်ပေါ်ဧက ၁၀,၀၅၅၊ ထိခိုက်ဧက ၁၀,၀၅၀ ရှိသည်။ မွန်ပြည်နယ်တွင် နစ်မြုပ်ဧက ၈၀၀၊ ပြန်ပေါ်ဧက ၇၀၀ ရှိသည်။

ရခိုင်ပြည်နယ်တွင် နစ်မြုပ်ဧက ၄၈,၃၁၈၊ ပြန်ပေါ်ဧက ၂၉၁၅၊ ထိခိုက်ဧက ၂၁၇၁၊ ပျက်စီးဧက ၁၄၄၀ ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် နစ်မြုပ်ဧက ၁၇,၅၄၃၊ ပြန်ပေါ်ဧက ၈၄၉ ရှိကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်တွင် နစ်မြုပ်ဧက ၈၉၈၉ ၊ ပြန်ပေါ်ဧက ၆၄၉၉၊ ထိခိုက်ဧက ၆၇၇၊ ပျက်စီးဧက ၁၂၇ ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် နစ်မြုပ်ဧက ၅၃,၃၅၈ ၊ ပြန်ပေါ်ဧက ၆၃ ရှိကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။

လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပျက်စီးဆုံးရှုံးသည့် လယ်ဧကများ ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးဝေငှပေးခြင်း၊ ဌာနပိုင် ထွန်စက်များဖြင့် ထွန်ယက်ပေးခြင်းများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.