Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် အဝါရောင်အဆင့်သတ်မှတ်

မုန်တိုင်းငယ်ဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ မာချီလီပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် (၆၃၀) ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်-အရှေ့တောင် ဘက် (၆၇၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုးဇလမှ ခန့်မှန်းချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးသို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ လည်းကောင်းမုန်တိုင်းငယ် ၏ အရှိန် ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ် ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေရုတ်တရက် မြင့်တက် လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှ အကြံပြုချက်ထုတ်ပြန်သည်။ (Xinhua)