Connect with us

Media

ရန်ကုန်မြို့ ကောင်းကင်ယံတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေ

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ကြောင်း မေ ၁၀ ရက် နံနက်ပိုင်းက မိုး/ဇလမှ သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ရန်ကုန်မြို့ကောင်းကင်ယံတွင်လည်း မိုးတိမ်တောင်များ ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။ (Xinhua)