Connect with us

Environment, Disasters & Accidents

ကုန်းတွင်းပိုင်းမုန်တိုင်းငယ်ကြောင့်မွန်ပြည်နယ် တွင် သေဆုံးသူ ၂ ဦးရှိ ၊ ၁လ ကျော်အတွင်း လေဘေးအတွက် ငွေကျပ်သန်းပေါင်း ၅၀၉ သန်း ထောက်ပံ့ကူညီခဲ့

မေလ ၂၁ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်စဉ် (ဓာတ်ပုံ-- Myanmar Fire Service Department)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကုန်းတွင်းပိုင်းမုန်တိုင်းငယ်ကြောင့်မွန်ပြည်နယ် တွင် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ကရင်ပြည်နယ်တွင် သေဆုံးသူမရှိကြောင်း၊ ဧပြီ၁ ရက် မှ မေ ၁၃ ရက်အထိ လေဘေးအတွက် ကျပ်သန်း ပေါင်း ၅၀၉ သန်း ထောက်ပံ့ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။ဒေါ်ဖြူလဲ့လဲ့ထွန်းက “သေဆုံးသူ ၂ ယောက်မှာ မွန်ပြည်နယ်မော်လမြိုင်မြို့က ၁ ယောက်နဲ့ ပေါင်မြို့နယ်က ၁ ယောက် သေဆုံးခဲ့ပါတယ်။ ၁ယောက်ကတော့ ရေနဲ့ မျောပြီး သေဆုံးခဲ့တာပါ။ ၁ ယောက်ကတော့ တိုင်တစ်တိုင် ကျိုးကျလို့ ပိမိပြီး သေဆုံးတာလို့ သတင်းရရှိခဲ့ပါတယ်။မော်လမြိုင်မြို့မှာတော့ ဒဏ်ရာရသူလည်းရှိပါတယ်’’ ဟုပြောသည်။

မေလ ၂၁ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်စဉ် (ဓာတ်ပုံ– Myanmar Fire Service Department)

အဆိုပါ ကုန်းတွင်းပိုင်းမုန်တိုင်းငယ် သည် မေ ၂၀ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်သို့ ဆက်လက်ရွေ့လျားခဲ့ကြောင်း ၊ မုန်တိုင်းငယ်ဖြတ်သန်းမှု အပြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ရေကြီး၊ရေလျှံမှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။

မေလ ၂၁ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်စဉ် (ဓာတ်ပုံ– Myanmar Fire Service Department)

ကရင်ပြည်နယ်၊ မြဝတီမြို့ ၌ မုန်တိုင်းဖြတ်သန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရကြောင်း၊ အိမ်ထောင်စုပေါင်း ၇၅၀နှင့် လူဦးရေ ပေါင်း ၂၅၀၀ ကျော် မုန်တိုင်ဘေးသင့်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မုန်တိုင်းငယ်ကြောင့် လုံးဝပျက်စီး ပြိုကျသွားသော အိမ်အလုံးပေါင်း ၃၂ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် အိမ်အလုံးပေါင်း ၁၅၅ လုံးရှိပြီး လူဦးရေ ၁၀၉၄ ဦး မုန်တိုင်းဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန မှ သိရသည်။

“ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုလောက်မှာ ရေကြီးရေလျှံမှုနဲ့ မုန်တိုင်း ဖြစ်ရင် ခိုလှုံနိုင်ဖို့အတွက် Cyclone Shelter တွေ ဆောက်လုပ်ထားတာရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေကလည်း သူ့လုပ်ငန်း အလိုက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြပါတယ်။ မုန်တိုင်းငယ်ကြောင့် ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မုန်တိုင်းရှောင်စခန်းတွေကတော့ ပိတ်လိုက်ပါပြီ။ မုန်တိုင်းရှောင်ပြည်သူတွေက နေရပ်ပြန်သွားကြပါပြီ’’ ဟု ဒေါ်ဖြူဖြူလဲ့လဲ့ထွန်းက ဆက်ပြောသည်။ (Xinhua)