Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုများကြောင့် လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်


ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်းရှိ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင် ၉ ရက်မှ ၂၅ ရက် အထိ အိမ်ထောင်စု ၄၆ဝဝ ကျော်၊ လူဦး ရေ ၂၁ဝဝဝ ကျော်တို့သည် ရေဘေးရှောင်စခန်းများ၊ တာပေါင်များ၊ နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ခေတ္တတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဘားအံမြို့တွင်းရေကြီးနေလျှံနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ဘားအံမြို့တွင်းရေကြီးနေလျှံနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိအခြေအနေအရ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်း လျက်ရှိရာ မူလနေရာများသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိပြီး ဇူလိုင် ၂၅ ရက် အခြေအနေအရ ကယ်ဆယ်ရေးစခန်း ၆၇ ခုတွင် အိမ်ထောင်စု ၄၂ဝဝ ကျော်၊ လူဦးရေ ၁၉ဝဝဝ ကျော်တို့ ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရ သည်။

အဆိုပါရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၄ဝ၁ သိန်းကျော် တန်ဖိုးရှိ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုး နှင့် ကယ်ဆယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.