Connect with us

Environment, Disasters & Accidents

သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အတွက် သီးသန့် ရန်ပုံငွေမှ ငွေကျပ် ၃၉ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အတွက် သီးသန့် ရန်ပုံငွေမှ ငွေကျပ် ၃၉.၀၅၄ ဘီလီယံ သုံးစွဲခဲ့ပြီး ဖြစ်သည့်အပြင် ပျက်စီး ဆုံးရှုံးမှုများ အတွက် စာရင်းပြုစု ရရှိမှု အလိုက် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး အတွက် သီးသန့် ရန်ပုံငွေမှ ဆက်လက် ခွင့်ပြုပေးရန် အမြန်ဆုံး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်လိုက်သည်။

ယခုအခါ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အမေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးရန် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သဘော တူညီချက် လက်မှတ် ရေးထိုးထားပြီး ဂျပန် နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၅ သန်း ထောက်ပံ့ ပေးရန် အကြောင်းကြား ခဲ့သဖြင့် လုပ်ငန်းစဉ် အတိုင်း ဆက်လက် ဆောင်ရွက် လျက် ရှိသည်ဟု ဆိုသည်။
ထို့အပြင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် တို့မှလည်း အတိုးမဲ့ ချေးငွေများ ထောက်ပံ့ ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီးကမ္ဘာ့ဘဏ် မှ ယခင် လွှတ်တော်မှ ခွင့်ပြုပြီး ချေးငွေများ အနက်မှ ၅ ရာခိုင်နှုန်းအား ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် လွှဲပြောင်း သုံးစွဲရန် အမေရိကန် ဒေါ်လာ ၃၅ သန်း ခန့်ကိုလည်း အဆိုပြုချက် ရရှိပြီး ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် နေအိမ် အဆောက် အအုံများ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် ခဲ့ရသည့် ကားလမ်း၊ မီးရထားလမ်းနှင့် တံတားများ ပြန်လည် ပြုပြင် တည်ဆောက်နိုင် ရန်နှင့် ရေတား တမံများ ပြန်လည် ပြုပြင်ရေး၊ မျိုးစပါးများ ရရှိရေး၊ ငါးဖမ်း လုပ်ငန်းများ အပါအဝင် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် စတင်နိုင်ရေး ၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများ ရရှိရေး စသည့် လိုအပ်ချက်များ အတွက် လိုအပ်သော ဘဏ္ဍာငွေကို ဆက်လက်၍ စိစစ်ခွင့်ပြု ထုတ်ပေးမှုနှင့် အတူ မူလအနေ အထားသို့ ပြန်လည် ရောက်ရှိအောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးကြီး ရေလျှံမှုများကြောင့် အိမ်ထောင်စု ၄၀၀,၀၁၂ စုမှ လူဦးရေ ၁,၅၅၆,၉၃၉ ဦး ရေဘေးသင့်ခဲ့ပြီး ၁၁၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်း ထုတ်ပြန်ထားသည်။ (Xinhua)