Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်း မုန်တိုင်း ဂိုနီနှင့် အက်ဆာနာ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည့် အခြေအနေ နည်းပါးဟုဆို

သြဂုတ်လ ၁၉ ရက်နေ့ မြင်တွေ့ရသော ဂြိုလ်တု တိမ်ပုံ (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ပစိဖိတ် သမုဒ္ဒရာတွင် ဆိုင်ကလုန်း မုန်တိုင်း ဂိုနီနှင့် အက်ဆာနာတို့ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်မည့် အခြေအနေ နည်းပါးကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းထံမှ သိရသည်။

ဇလ အနေဖြင့် အဆိုပါ မုန်တိုင်း နှစ်ခု မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည့် အခြေအနေ နည်းပါးတယ် ဟု ဆိုသည်။

“ဒါပေမယ့် ဒီမုန်တိုင်းကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးပိုများလာနိုင်တယ် ’’ ဟု ဒေါ်ရီရီငြိမ်းက ပြောသည်။ (Xinhua)