Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၌ ရွှေအင်းလုပ်သား ၃ ဦး ရေနစ်ရာမှ ၁ ဦးသေဆုံး၍ ၂ ဦး ပျောက်ဆုံးမှုဖြစ်ပွား

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ ရွှေအင်းလုပ်သား ၃ ဦး ရေနစ်ရာမှ ၁ ဦးသေဆုံး၍ ၂ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ၂၂း၅၀နာရီ အချိန် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ကျောက်ချောင်းကွက်ရပ် ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အမှတ် (SUG-6) ၏ အကျယ် ၄ ပေပတ်လည်၊ အနက် ၄၅၀ ပေခန့်ရှိ ရွှေအင်းအတွင်း၌ အင်းလုပ်သား ပိုင်ပိုင်(ခ)မျိုးမင်းပိုင်(၂၅)နှစ် ပါ ကျား ၃ ဦးသည် ရွှေပါဗြုံးများအား သယ်ထုတ်ရန် အနက် ၄၀၀ ပေခန့်၌ အလုပ်လုပ်နေစဉ် အနက် ၁၀၀ ပေခန့်မှ ရေလုံးများ ပေါက်ကျလာပြီး ၂၀၀ ပေခန့်ထိ ရေဝင်နစ်မြုပ်ခဲ့ရာ ပိုင်ပိုင်(ခ)မျိုးမင်းပိုင်၏ အလောင်းအား ပြင်ပဒဏ်ရာ မရှိဘဲ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ကျည်တောက်ပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပိုင်ပိုင်(ခ)မျိုးမင်းပိုင် သေဆုံးမှုအား လက်ပန်လှရဲကင်းစခန်း သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၈) ဖြင့် ရေးဖွင့်ခဲ့ပြီး ကျန် ၂ ဦးအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.