Connect with us

Environment, Disasters & Accidents

မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဇာနည်ဘွား ခရီးသည်တင် မှန်လုံယာဉ်တံတားပေါ်မှ ထိုးကျမှုကြောင့် ၂၈ ဦး ဒဏ်ရာရရှိ

ဇာနည်ဘွား ခရီးသည်တင် မှန်လုံယာဉ်တံတားပေါ်မှ ထိုးကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- Zaw Myo Lwin)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဇာနည်ဘွား ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီးသည် တံတားပေါ်မှ ထိုးကျမှုကြောင့် လူ၂၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ၂၂း၀၀နာရီ တွင် ရမည်းသင်းမြို့နယ်၊ အောက်တောက်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၂၈၆/၆-၇)ကြား တံတားအမှတ်(၅/၂၈၈)၌ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ခေါလေး(စိစစ်ဆဲ) မောင်းနှင်လာသော 8F/xxxx ဇာနည်ဘွား ခရီးသည်တင် မှန်လုံ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတား ယာဘက်သို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ပါရှိသည့် ခရီးသည် ကိုဇော်မျိုးလွင်က “အက်ဆီးဒင့်ဖြင်ဖို့ ဆယ်မိနစ်လောက်အလို ညောင်လွန့်ရွာ အကျော်လောက်မှာ ကားခဏပျက်တယ်။ခရီးသည်တွေကလည်း ပွစိပွစိလုပ်တော့ ကားလည်းပြန်ကောင်းရော အသားကုန်မောင်းလိုက်တာ မှောက်တဲ့နေရာမှာ ဘရိတ်မထိန်းနိုင်ဘဲ အရာဝတ္ထု ၃ ခုကို ပြင်းပြင်းထန်ထန်တိုက်မိပြီး လေထဲမြောက်တက်ပြီး ချောင်းထဲထိုးကျသွားတာပဲ’’ ဟု သူ၏ အတွေ့အကြုံကို ဆင်ဟွာသို့ပြောပြသည်။

အဆိုပါ ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းယာဉ်ပေါ်ပါ လူ၃၁ ဦးအနက် မိုးကျော်(၃၈)နှစ်၊ ကံသာကျေးရွာ ပျော်ဘွယ် မြို့နယ်နေသူ အပါအဝင် ၂၈ ဦး (ကျား ၁၇၊ မ ၈၊ ကလေး ၃)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရမည်းသင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်အပေါ် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.