Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း ယခု အထိ မီးလောင်ကျွမ်းမှု ၃၀၀ နီးပါး ဖြစ်ပွား၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၃၇,၇၁၅ သန်းရှိ

မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ မင်္ဂလာဈေး မီးလောင်မှုအား မီးသတ်သမားများမှ ငြိမ်းသတ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ်အတွင်း ယခု အချိန်ထိ မီးလောင်ကျွမ်းမှု ၃၀၀ နီးပါး ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၃၇,၇၁၅ သန်းခန့် ရှိကြောင်း မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မီးလောင်မှု အကြီးစား ၅ ခု အပါအဝင် မီးလောင်ကျွမ်းမှု ၃၀၀ နီးပါးလောက် ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ ရှမ်းပြည်နယ် နမ့်ဆန်၊ ဧရာဝတီတိုင်း လပွတ္တာမြို့၊ တနင်္သာရီတိုင်း ကျောက္ကာရွာ စသည့် ဒေသများတွင် မီးလောင်ကျွမ်းမှုသည် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝန်း မီးလောင်မှုများမှာ

ဇန်နဝါရီလ ၁ ရက် – မအူပင်မြို့တေဇလမ်းနှင့် ဈေးလမ်းထောင့်၊ ထောက်ကြံ့ မြောက်ပိုင်း ကစလ ဝင်းဘေး
ဇန်နဝါရီလ ၃ ရက် – ဟင်္သာတ တာကလေး ရပ်ကွက် အမက၂ မူလွန်ကျောင်း ပဲခူးတိုင်း သက္ကလမြို့။ မိုးကုတ်မြို့အထက် ဘိုကုန်းရပ်ကွက်
ဇန်နဝါရီလ ၄ ရက် – ကော့သောင်းမြို့ဘုရင့်နောင်ဈေး။ မင်္ဂလာဒုံ အမှတ် ၃ လမ်းမကြီး အနီး။ မကွေးမြို့။ ကျောက်မြောင်း သုခိတာလမ်း
ဇန်နဝါရီလ ၉ ရက် – မင်္ဂလာတောင်ညွှန့် မြိုနယ်ရှိ မင်္ဂလာဈေး ၊ ပုသိမ်မြို့Royal Lake ကစားကွင်း
ဇန်နဝါရီလ ၁၁ ရက် – စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက်။ မကွေးတိုင်း ဆင်ပေါင်ဝဲ၊
ဇန်နဝါရီလ ၁၃ ရက် – ရွှေပြည်သာ ဝါးတစ်ရာ မြက်ခြောက်မီး၊ စမ်းချောင်းလင်းလွန်း တောင်ရပ်ကွက်၊
ဇန်နဝါရီလ ၁၆ ရက် – ဒဂုံတောင် ၆၅ ရပ်ကွက် စိမ့်စမ်း ရည်တည်းခိုခန်း၊
ဇန်နဝါရီလ ၂၀ ရက် – ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်
ဇန်နဝါရီလ ၂၁ ရက် – ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက် ဗိုလ်ချိုလမ်း။ ပုသိမ် တစ်ဘက်ကမ်း သဘောၤမီးလောင်။
ဇန်နဝါရီလ ၂၃ ရက် – ပြည် ပေါင်းတလည်ဆန်စက်။ ပခုက္ကူမြို့ ရွှေလမ်း ၂၁ လမ်း။
ဇန်နဝါရီလ ၂၄ ရက်- ရွှေပြည်သာ မြို့နယ် ကန်သာယာ လမ်းဆုံ။ မြောက်ဥက္ကလာ ခိုင်ရွှေဝါ ၁ လမ်း။
ဇန်နဝါရီလ ၂၆ ရက်- မန္တလေး ကျွဲဆည်ကန် ကားကွင်းအနီး။
ဇန်နဝါရီလ ၂၈ ရက်- မန္တလေး မဟာအောင်မြေ မြို့နယ် သန်လျက်မှော်ရပ်။
ဇန်နဝါရီလ ၂၉ ရက် – ပြည်မြို့ဘိုးဘွား ရိပ်သာ အနောက်ဘက် ကိုင်းတောမီး
ဇန်နဝါရီလ ၃၀ ရက် – သုဝဏ္ဏ ၂၃ ရပ်ကွက် မင်းထင် ၃ လမ်း။ တာမွေ မလွှကုန်း မနောမယလမ်း စသည့်တို့ မီးလောင်ကျွမ်းခဲ့သည်။
ဖေဖော်ဝါရီလတွင်း၌
ဖေဖော်ဝါရီလ ၁ ရက်- လှိုင်သာယာ ၁၁ ရပ်ကွက် ဘုန်းကြီးကျောင်း။
ဖေဖော်ဝါရီလ ၂ ရက် – ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက် A2 လမ်း။
ဖေဖော်ဝါရီလ ၄ ရက် – စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ် သဘောၤကျင်း သဘောၤမီး။ နမ့်ဆန် မြို့နယ်။ လပ္ပတ္တာမြို့နယ်။ ဘိုကလေး မြို့နယ်။
ဖေဖော်ဝါရီလ ၅ ရက် – ချင်းပြည်နယ် မင်းတပ်မြို့။ မြိတ်မြို့ ကန်ဖျား ပိတောက်ပင် လမ်းဆုံ။ ဘုရားသုံးဆူ တောင်ပိုင်း ကိုင်းတောမီး။
ဖေဖော်ဝါရီလ ၇ ရက် – ထားဝယ်မြို့ ကမြောကြီး ကျေးရွာ။ မန္တလေး ကျောက်စိမ်း စေတီအနီး။ မော်လမြိုင် မြို့ ကျောက်တန်းကျေးရွာ။ လောင်းလုံမြို့နယ် ကမြောကြီးကျေးရွာ။
ဖေဖော်ဝါရီ ၈ ရက်- ထားဝယ်ခရိုင် မောင်းမကန် ကမ်းခြေ။ ဘားအံမြို့နယ် ရွာကလေးကျေးရွာ။ သန်လျင်မြို့နယ် သီလဝါ လမ်းမကြီးအနီး။ ထားဝယ်မြို့ ဆင်ဆိပ် ရပ်ကွက်၊
ဖေဖော်ဝါရီ ၉ ရက်- လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်း စက်သုံးဆီ သိုလှောင်ကန်။ လှိုင်သာယာ ၅ ရပ်ကွက် ပီမိုးနင်းလမ်း။
ဖေဖော်ဝါရီ ၁၁ ရက် – မလှိုင်မြို့နယ် ၂ ရပ်ကွက်။
ဖေဖော်ဝါရီလ ၁၂ ရက်- ကချင်ပြည်နယ် ရွှေကူမြို့ အမှတ် ၃ ဆိုင်း ကုန်းရပ်။ ဘားအံမြို့ ဇရပ်ဖြူ ကျေးရွာ။ မှော်ဘီ။ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တနင်္သာရီတိုင်း ပုလောမြို့နယ်
ကျောက္ကာကျေးရွာ။ ဒေါပုံ ဗိုလ်တေဇလမ်း ဘားအံမြို့ တန် (၄,၀၀၀) ဘိလပ်မြေစက်ရုံ ဆိုင်ခန်း။
ဖေဖော်ဝါရီလ ၁၄ ရက် – ပြည်မြို့ကျောင်းကြီး အိုးတန်းရပ်ကွက်။ အင်းစိန် ထန်းပင်ကုန်း သဇင်လမ်း။
ဖေဖော်ဝါရီ ၁၅ ရက် – မန္တလေး ချမ်းမြသာစည် ၄၈ လမ်း စသည့်တို့ မီးလောင်ကျွမ်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.