Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံ၍ စာသင်ကျောင်း တချို့ယာယီ ပိတ်ထား

အမ်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်း တစ်ကျောင်း ရေကြီးနေစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တောင်ပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကျေးရွာအချို့၌ ရေလျှံမှုနှင့် ရင်ဆိုင်နေရသဖြင့် စာသင်ကျောင်း တချို့ ယာယီ ပိတ်ထားကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

မင်းပြားမြို့နယ်ရှိ အိမ်ရှေ့မင်း၊ ပုလဲပေါက်၊ ကြက်ယက်၊ ကျားရဲပြင်၊ အိုင်ဝန်း၊ မညှင်းပြင်၊ ကျွဲတတ်၊ ချောင်းရှည် စသည့်ကျေးရွာများတွင် ရေလျှံ မှုနှင့် ရင်ဆိုင်နေရပြီး စာသင်ကျောင်းများကို ဇူလိုင်လ ၄ ရက်က စတင် ပိတ်ထား လိုက်ရသည်။

မိုးဆက် တိုက်ရွာသွန်းနေပြီး ဒေသခံ များမှာ မိုးတွင်းကာလ၌ ရေကြီးမည်ကို စိုးရိမ်နေကြပြီး ကားလမ်းများလည်း ပိတ်နေကြောင်း အမ်းမြို့ ဒေသခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရေကြီးမှုကြောင့် မြောက်ဦးမြို့မှ အမ်းမြို့သို့ သွားရောက်သော ကားများ ရှေ့ဆက်သွား မရသလို နောက်ပြန်လှည့်၍ မရသည့်အတွက် အမ်းမြို့နယ် အတွင်းရှိ ကဇုကိုင်း ချောင်းအနီး ပိတ်မိနေကြောင်း ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.