Connect with us

Environment, Disasters & Accidents

သစ်ထုတ်လုပ်မှု ရပ်နားမည့် အစီအစဉ် တင်ပြနေဆဲဖြစ်

ပြည်ပသို့ တင်ပို့နေသော မြန်မာ့ကျွန်းသစ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ပဲခူးရိုးမ၌ သစ်ထုတ်လုပ်မှု ၁ဝ နှစ်ခန့် ရပ်နားမည့် အစီအစဉ်နှင့် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်မှု တစ်နှစ်ခန့် ရပ်နားမည့် အစီအစဉ်ကို လွှတ်တော်နှင့် အစိုးရအဖွဲ့ထံ တင်ပြနေဆဲ ဖြစ်ကာ အတည်ပြုချက် မရသေး သော်လည်း ဝန်ကြီးဌာနက သစ်ထုတ်လုပ်မှုများကို ယခုနှစ် သစ်ထုတ် ရာသီတွင် ရပ်နားထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုကို တစ်နှစ်ခန့် ရပ်ဆိုင်းထားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရောက်မှသာ ပြန်လည် ထုတ်လုပ်ရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ သစ်တော ပြုန်းတီးမှု အများဆုံး ဖြစ်ပေါ်နေသည့် ပဲခူးရိုးမ၏ သစ်ထုတ်လုပ်မှုကို ၁ဝ နှစ်ခန့် ရပ်ဆိုင်းထားရန် စီစဉ်လျက် ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပဲခူးရိုးမ ဧရိယာသည် တောင်ပိုင်း၌ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်း၌ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် နေပြည်တော် အထိ ကျယ်ပြန့်ပြီး မြန်မာနိုင်ငံ၌ ကျွန်းသစ် အများဆုံး ပေါက်ရောက်ရာ ဒေသဖြစ်ကာ ယခင်က ကျွန်းသစ် ထုတ်လုပ်မှုတွင် နာမည်ကျော် ခဲ့သော ပဲခူးရိုးမ၏ ကျွန်းသစ် ပေါက်ရောက်မှုနှုန်းသည်လည်း ယခုအခါ ကျဆင်းလျက် ရှိသည်။ ယခင်က ပဲခူးရိုးမ၌ သစ်ပင် ၁ဝဝ လျှင် ကျွန်းပင် ၁၂ ပင်အထက် ပေါက်ရောက် သော်လည်း နှစ်ပေါင်းများစွာ သစ်ထုတ်လုပ်မှုများနှင့် တရားမဝင် သစ်ခိုး ထုတ်မှုများ ရှိလာခဲ့သဖြင့် ပဲခူးရိုးမ အတွင်း ကျွန်းသစ် ပေါက်ရောက်မှု နှုန်းသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ယခုအခါ သစ်ပင် ၁ဝဝ လျှင် ကျွန်းပင်ရှစ်ပင် အောက်သာတွေ့ရှိ ရတော့ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.