Connect with us

Environment, Disasters & Accidents

ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ်များ၌ စိမ်းလန်းလာစေရေးအတွက် ဧက ၁၀၀၀ တည်ထောင်မည်

မုံရွာမြို့ရှိ ဗောဓိတထောင် စိမ်းလန်းစိုပြည်ရေးအတွက် တောင်တန်းစိုက်ခင်းများ တည်ထောင်ထားမှုအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ် (၁၇) မြို့နယ်တို့တွင် စိမ်းလန်းလာစေရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧက (၁၀၀၀)ကို တည်ထောင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တည်ထောင်စိုက်ပျိုးပေးမည့်ဧက(၁၀၀၀)တွင် သစ်တောသစ်ပင်များ ပြန်လည်စိမ်းလန်းလာစေရန်၊ စိုက်ပျိုးမြေများ၏ မြေဆီမြေလွှာများ ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်အတွက် ကျေးရွာသုံး စိုက်ခင်း (၆၀၀) ဧက၊ ရေဝေရေလွှဲစိုက်ခင်း (၁၃၀) ဧက၊ တောင်တန်းစိုက်ခင်း (၂၀၀)ဧက၊ အခြားစိုက်ခင်း (၇၀)ဧကတို့ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့၊ မြင်းမူနှင့် မြောင်မြို့နယ် တို့တွင် ကျေးရွာသုံး စိုက်ခင်း (၅၀)ဧက၊ ရေဝေရေလွဲစိုက်ခင်း (၅၀)ဧက၊ အခြားစိုက်ခင်း(၅၀)ဧက စုစုပေါင်း (၁၅၀)ဧကအား လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ် တို့တွင် ကျေးရွာသုံး စိုက်ခင်း (၁၁၀)ဧက၊ တောင်တန်းစိုက်ခင်း (၂၀၀) ဧကစုစုပေါင်း (၃၁၀)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း ရှိရွှေဘိုမြို့၊ ခင်ဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များတွင် ကျေးရွာသုံးစိုက်ခင်း (၃၇၀)ဧက၊ ရေဝေရေလွှဲ စိုက်ခင်း (၈၀) ဧကစုစုပေါင်း (၄၅၀)ဧကကို လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် ကျေးရွာသုံးစိုက်ခင်း (၇၀)ဧက၊ အခြားစိုက်ခင်း (၂၀)ဧက စုစုပေါင်း (၉၀)ဧကကို လည်းကောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.