Connect with us

Environment, Disasters & Accidents

ဟားခါး ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိ

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားကာ ကားများ ပျက်စီးစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဟားခါးမြို့ ဈေးသစ် ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် နိုဝင်ဘာ ၂၂ ရက် ညပိုင်းတွင် ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားကြသည်။

အဆိုပါ ပေါက်ကွဲသော နေအိမ်ပိုင်ရှင် ဦးယောနသန်၏ ဟိုင်မွာလ်ဂျစ်ကား ယာဉ် အမှတ်(၇ခ/၂၂၀၁) တစ်စီး၊ Kung Long အမျိုးအစားယာဉ် CHN/1F-9435 တစ်စီး နှင့် မော်တော်ဆိုင်ကယ် တစ်စီး ပျက်စီးခဲ့ပြီး ၎င်းအိမ်၏ ဝဲဘက်ရှိ ဒေါ်နုထောင်းပိုင် အုတ်ညှပ် နှစ်ထပ်၊ အိမ်မျက်နှာချင်း ဆိုင်ရှိ ဦးနှီာရ်ဘိခ်ပိုင် ပျဉ်ထောင်(၂)ထပ် အိမ်၊ လက်ဝဲဘက်ရှိ ဦးရာလ်အွယ်ပိုင် ပျဉ်ထောင်(၂)ထပ် ပျက်စီးကာ သေဆုံးသူများမှာ အခင်းဖြစ်သည့် ဦးယောနသန်နေအိမ် အောက်ထပ် ငှားရမ်းသူများဖြစ်သည်။

ယင်းအခင်းဖြစ်ပွားသည့် နေအိမ်နှင့် အနီးတစ်ဝိုက်ကို အုပ်ချုပ်ရေး အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဗျူဟာ(ဟားခါး)တို့မှ ပူးပေါင်း၍ လုံခြုံရေးဆောင် ရွက်လျက်ရှိပြီး တရားခံ ဖော်ထုတ် ဖမ်းဆီး ရရှိရေး ဆောင်ရွက် လျက်ရှိသည်။ (Xinhua)