Connect with us

Environment, Disasters & Accidents

စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပြီး လယ်မြေ ဧက ၆,၀၀၀ ကျော် ပါရှိသွား

မြန်မာနိုင်ငံအတွင်းရှိ မြစ်ကြောင်း တစ်ခုအတွင်း သင်္ဘောများ သွားလာ လှုပ်ရှားမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

စစ်တောင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ် ကသစ်ခုံ ကျေးရွာရှိ အိမ်ထောင်စု ၃၆၈ စု သည် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ပြီး လယ်ယာမြေ ဧက ၆,ဝဝဝ ကျော် ပါရှိသွားခဲ့ကြောင်း ကသစ်ခုံ ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု အခါ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့မှာ ပြောင်းရွှေ့ရန် ကျန်ရှိနေသေးပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူ၊ တိရစ္ဆာန်၊ နေအိမ်တွေ ဆုံးရှုံးမှု မရှိဘဲ အချိန်မီ ပြောင်းရွှေ့ နိုင်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ် ကသစ်ခုံ ကျေးရွာသည် စုစုပေါင်း အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁,၇၇၆ ဦးရှိပြီး ယခင်က စစ်တောင်း မြစ်ကမ်းပါးနှင့် ၃ မိုင်ခန့် ကွာဝေးခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်မှ စတင်၍ ကမ်းပါး ပြိုကျမှု များလာပြီး လယ်ယာမြေများ ပျက်စီးလာကာ ၂ဝ၁၅ ခုနှစ် အောက်တို ဘာလတွင် စစ်တောင်း မြစ်ကမ်းပါးမှာ ရွာနှင့် နီးကပ်လာခဲ့ပြီး ၂ဝ၁၅ ခုနှစ် အတွင်းက ကသစ်ခုံ ကျေးရွာရှိ အိမ်ထောင်စု ၁၄၈ စုမှာ နီးစပ်ရာ ရွာများသို့ ပြောင်းရွှေ့ခဲ့ရပြီး ယခုနှစ် ဧပြီလတွင် ကသစ်ခုံ ကျေးရွာမှာ မြစ်ကမ်းပါးနှင့် ပေ ၂ဝဝ ခန့်သာ ကွာဝေးတော့သဖြင့် ကျန်ရှိသော အိမ်ထောင်စု အားလုံး ကမ်းပါးနှင့် ဝေးသော နီးစပ်ရာနေရာများ၌ ယာယီ တဲထိုးကာ ပြောင်းရွှေ့နေထိုင် ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117