Environment, Disasters & Accidents
အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ၁၀ ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ (မေ ၁၂ ရက်) မွန်းလွဲပိုင်းက ယာဉ်တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်ကြောင့် ဒဏ်ရာရရှိသော လူနာများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်( ဓာတ်ပုံ-မြန်မာနိုင်မီးသတ်တပ်ဖွဲ့)

ယာဉ်တိမ်းမှောက်ကြောင့် ဒဏ်ရာရရှိသော လူနာများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်( ဓာတ်ပုံ-မြန်မာနိုင်မီးသတ်တပ်ဖွဲ့)
” ခု နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်၊ ဒဏ်ရာတွေက မစိုးရိမ်ရပေမယ့် ပွန်းတာပဲ့တာ၊ ကွဲတာတော့ ရှိတာပေါ့၊ ကလေးငယ်လည်းပါတယ်ကားပေါ်မှာ၊ ယာဉ်မောင်းကိုတော့ အမှုဖွင့်အရေးယူဖို့စစ်ဆေးနေပြီ” ဟု ၎င်းကဆိုသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်-၁၈၅/၁ နှင့် ၁၈၅/၂ ကြားတွင် အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၇ ဦးစုစုပေါင်း ၁၃ ဦးလိုက်ပါလာသည့် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူများအနက် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၇ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်း ဒဏ်ရာရရှိသူများအား လူမှုကူညီကယ်ဆယ်ရေးအသင်းကားများဖြင့် နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးထားကြောင်း သိရသည်။ (Xinhua)