Connect with us

Politics, Law & Military

တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၈,၄၀၀ ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ် ဆေးပြားများဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူဖမ်းဆီးရမိမှုအားတွေ့ရစဉ်(ဓာတ်ပုံ - တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအားရပ်တန့်စစ်ဆေးခဲ့ရာဆာလာအိတ်ဖြင့် ထည့်ထားသည့် ကျပ်သိန်း ၈,၄၀၀ ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရစောင့်ဆိုင်းနေစဉ် အောက်တိုဘာ ၅ ရက် ညပိုင်းကပုန်းထွန်ရပ်ကွက်မှ ဟောင်လိတ်ရပ်ကွက်ဘက်သို့ ဦးတည် မောင်းနှင်လာသည့် Toyota Hilux Revoအမျိုးအစားအနက်ရောင် လိုင်စင်မဲ့မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံနောက်ခန်းအတွင်း ဆာလာအိတ် ၉ အိတ်ဖြင့်ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၉၈,၀၀၀ ပြား၊ ကာလတန်ဖိုးငွေကျပ်သိန်း ၈,၄၉၀ ခန့်အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူနှင့်အတူစိတ်ကြွရူးသွပ်ဆေးပြားများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်အား တရားဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေးတာချီလိတ် မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်းထည့်သွင်းထုတ်ပြန်ခဲ့သည်။ (Xinhua)