Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၁၉သန်းကျော် ‘ဖိုး’ မီးရှို့ဖျက်ဆီး

ဖမ်းဆီးမူးယစ်ဆေးဝါးများကိုမီးရှို့ ဖျက်ဆီးနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၁၉သန်းကျော် ‘ဖိုးအား’ ယနေ့ ကျရောက်သော (၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

ယနေ့ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးသည် မြန်မာကျပ်ငွေ ၂၃၃၈၉ဒသမ ၁၉သန်းကျော်ရှိပြီး အမေရိကန်ဒေါ်လာ တန်ဖိုး ဒေါ်လာ ၁၉ဒသမ ၇၀သန်းကျော်ရှိကြောင်း ၎င်းကဆိုသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး ၁၆မျိုးကို ယနေ့ မီးရှို့ဖျက်ဆီးမည်ဖြစ်သည်။

ဘိန်းဖြူ ဝဒသမ ၄၉၅၇၁၂၊ စိတ်ကြွဆေးပြား ၄ဒသမ ၁၂၂၇၂၆သန်းပြား၊ ဆေးခြောက် ၅၃ဒသမ ၅၃၀၁၈၂ကီလို၊ အိုက်စ်(Ice) ၁၄၃ဒသမ ၀၂၄၃၃၊ တျာမဒေါလ်(Tramadol) ၁၁၁၆တောင့်၊ Codeine ဆေးရည် ဝဒသမ ၉၈ လီတာ၊ CR အကိုက်အခဲဆေးတောင့် ၆၇တောင့်၊ BPO ဆေးပြား ၅၅၉ပြား၊ Inter Drugs ဆေးတောင့် ၅၃တောင့်၊ ဘိန်းစာမှုန့် ၂၁၃ဒသမ ၆၀၁၆ ကီလို၊ စိတ်ငြိမ်ဆေး ၂၇ပြား၊ ဒိုင်ယာ ဆီပင်ထိုးဆေး ၄၉၇၉၅ပုလင်း၊ ဒိုင်ယာဆီပင်စားဆေး ၂၈၀၂ကတ်၊ အပရာဇိုလမ်စားဆေး ၉၇၈ ကတ်၊ မော်ဖင်း ၁၄၆၇ ပုလင်းနှင့် ဘိန်းစာရည် ၉၀ဒသမ ၁၇မီလီလီတာတို့ကို ယနေ့ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှုသည် ယခုနှစ်၌ ၂၆နှစ်ရှိပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့်မြို့နယ်များတွင် မီးရှို့ဖျက်ဆီးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.