Connect with us

Politics, Law & Military

အမျိုးသား၊ ပြည်သူ့နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ် လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦး ပြောင်းလဲ ခန့်အပ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပြောင်းလဲခန့်အပ်သော ကြေညာချက်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမျိုးသား၊ ပြည်သူ့နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ် လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦး ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ ဦးနှင့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးတို့၏ အမည်စာရင်းတင်ပြလာမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ဇန်နဝါရီ ၂၆ ရက်တွင် အစားထိုးပြောင်းလဲခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ရှိ ယခင် ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦးနေရာ၌ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ်အဆင့်များဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်ရှိ ယခင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သား ကိုယ်စားလှယ် လေးဦးနေရာတွင် ဗိုလ်မှူးကြီးနှင်ဗိုလ်မှူးချုပ်အဆင့်များဖြင့်လည်းကောင်း ၊ ယခင် ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်ရှိ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးနေရာ၌  ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်များဖြင့်လည်းကောင်း အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ဇန်နဝါရီ ၂၆ရက် က ထုတ်ပြန် ကြေညာအရ သိရသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်းခဲ့သော တပ်မတော်သား ကိုယ်စားလှယ် ခုနှစ်ဦးအား အမည်စာရင်းပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲခွင့် ပြုလိုက်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.