Connect with us

Politics, Law & Military

မဟာဗျူဟာ စီမံကိန်းများ အောင်မြင်ရေးတွင် Indicators framework က အရေးကြီးဟု ဆို

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု မဟာ ဗျူဟာမြောက် စီမံကိန်းများ အောင်မြင်ရေးတွင် ညွှန်ကိန်း မူဘောင် (indicator framework) များက အရေးကြီးသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယနေ့ ပြောကြားခဲ့သည်။

“Planing ကောင်းနေရုံနဲ့ မပြီးသေးပါဘူး၊ implementation ကောင်းဖို့လည်း လိုပါတယ်။ implementation ကောင်းတယ် မကောင်းဘူး ဆိုတာ သေသေချာချာသိဖို့ Monitoring mechanism လိုပါတယ်။ အဲဒီအတွက် အဓိက လိုအပ်ချက်ကတော့ Indicators တွေပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဆောင်ရွက်ချက်တွေဟာ တကယ်သွားချင်တဲ့ direction ကို သွားနေရဲ့လား။ အကောင်အထည်ဖော်ချင်တဲ့ စီမံကိန်းကြီးကို တကယ်တမ်း အကောင်အထည်ဖော်နိုင်ရဲ့လား။ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တွေကို တကယ် အကောင်အထည်ဖော်နိုင်ရဲ့လား ဆိုတာ Monitor လုပ်ဖို့အရေးကြီးပါတယ်။ evaluate လုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက်ကို Indicator တွေက အရေးကြီးလာပါတယ်” ဟု မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP:_ Myanmar Sustainable Development Plan) ကို ဖော်ဆောင်ရာ၌ စောင့်ကြည့် အကဲဖြတ်နိုင်စေရန် အမျိုးသား ညွှန်ကိန်း မူဘောင် တစ်ရပ် ဖွံ့ဖြိုး လာစေရေး ညှိနှိုင်း ဆွေးနွေးပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ယခုအခါ နိုင်ငံတော်သည် စီမံကိန်းများ၏ လုပ်ထုံး လုပ်နည်းများ ပြောင်းလဲဖို့ စီစဉ်လျက်ရှိရာ ယခင်ကကဲ့သို့ ဝန်ကြီးဌာနအလိုက် ဘာလုပ်မယ်ဆိုပြီး တင်ပြတာထက် နိုင်ငံတော်ကနေပြီး မဟာ ဗျူဟာမြောက် လုပ်ငန်းစဉ်များ သတ်မှတ်ကာ ထို လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန တစ်ခုချင်းစီ အလိုက် ဘယ်လို ပုံစံမျိုး အကောင်အထည်ဖော်မလဲ ဆိုသည့် Strategic Planing ကို သွားမည်ဖြစ် ကြောင်း၊ နောင်တွင် ဝန်ကြီးဌာနများအား နောက်နှစ် ဘာလုပ်မလဲ မေးမည့်အစား နိုင်ငံတော်၏ Strategic Planing ကို ချပြပြီး ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန များက မည်သို့ ဆောင်ရွက်မည်နည်းဟုမေးသွားမည် ဖြစ်ကြောင်း၊ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ဖို့ အားနည်းတတ်ကြောင်း၊ ချိတ်ဆက်မှု အားနည်းလျှင် ပူးပေါင်း ဆောင်ရွက်မှု Coordination အားနည်းကြောင်း၊ မဟာဗျူဟာမြောက် Strategic Planing ဖြစ်မှ Coordination ကောင်းမည်ဖြစ်ပြီး project Information များ စုဆောင်းထားသော Project Bank များ လိုအပ်ကြောင်းလည်း ဦးဆက်အောင်က ရှင်းလင်း ပြောကြားခဲ့သည်။

UNDP Deputy Country Director Ms. Dawn Del Rio အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

Myanmar Development Institute Senior Operations Specialist ဒေါ်သီတာနွယ် က ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

MSDP အတွက် အမျိုးသား ညွှန်ကိန်းမူဘောင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂)၌ ယနေ့နံနက် ကျင်းပသော အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးဆက်အောင်က အဖွင့်မိန့်ခွန်း ပြောကြားအပြီးတွင် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ဝါဝါမောင်၊ UNDP မှ Deputy Counttry Director Ms. Dawn Del Rio နှင့် Myanmar Development Institute Senior Operations Specialist ဒေါ်သီတာနွယ်တို့က အမှာ စကားများ အသီးသီး ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.