Connect with us

Politics, Law & Military

ဆည်၊ တမံနှင့် အခြေခံ အဆောက်အအုံများ ခိုင်ခံ့ရေး အထူးဂရုပြုရန် တိုက်တွန်း

အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ပြည်ထောင်စု ဝန်ကြီးများ ကျွန်းတောစု ကျေးရွာအသစ်ကို စက်ခလုတ်ဖြင့် ဖွင့်လှစ်ပေးနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် တစ်နိုင်ငံလုံးရှိ ဆည်များ၊ ရေလှောင် တမံများအပါအဝင် အခြေခံအဆောက်အအုံများ ခိုင်ခံ့ရေးအတွက် စနစ်တကျ စစ်ဆေးမှု လိုသောကြောင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အထူးဂရုပြု ဆောင် ရွက်ကြရန် အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ အသစ်ဖွင့်ပွဲနှင့် အိမ်အလုံးရေ ၁၇၅ လုံး ပေးအပ်ပွဲ အခမ်းအနားတွင် ဒုတိယသမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းက 

“သဘာဝ ဘေးအန္တရာယ် တွေ ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ပြည်သူတွေကိုယ်တိုင် ပါဝင်ပြီး ကြိုတင် ပြင်ဆင်မှုတွေကို ဆောင် ရွက်နိုင်မှသာလျှင် ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်တဲ့ လူ့အသိုက်အဝန်းတစ် ခု အမှန် တကယ် ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ဘေးဖြစ်မှ ထောက်ပံ့ခြင်း ထက် ဘေးမဖြစ်မီ ကြိုတင် ပြင်ဆင် ခြင်းကို ထိရောက် အကျိုးရှိအောင် ဆောင်ရွက်ထားကြဖို့လည်း တိုက်တွန်း ပြောကြား လိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ကျွန်းတောစု ကျေးရွာမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်။(ဆင်ဟွာ)

ကျေးရွာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးစဉ်။(ဆင်ဟွာ)

အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးကြစဉ်။(ဆင်ဟွာ)

နေအိမ် ၁၇၅ လုံး ပေးအပ်ပွဲ၌ ဒုတိယ သမ္မတ အဖွင့် မိန့်ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

နေအိမ်ဆိုင်ရာ စာရွက်စာတမ်းများ၊ ပစ္စည်းများ ပေးအပ်လှူဒါန်းကြစဉ်။(ဆင်ဟွာ)

နေအိမ် ၁၇၅ လုံး ပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့ ‘ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက်’ ရေးဆွဲထားပြီးဖြစ်သည့် အတွက် ဦးစားပေးလုပ်ငန်း၏ ပင်မမဏ္ဍိုင် (၁)၊ ကဏ္ဍခွဲ (၁) မှ (၄) အထိ ပါရှိသော လုပ်ငန်းစဉ်များ သည် ယနေ့အခမ်းအနားနှင့် ကိုက်ညီသော “မြန်မာနိုင်ငံရှိ ရေကာတာများနှင့် ရေလှောင်တမံများ၏ အန္တရာယ်ကင်းရှင်းစိတ်ချရဖို့ အရေးကြီးသော အခြေခံအဆောက်အအုံများ၊ အစိုးရ အဆောက်အအုံများ၊ အရေးပေါ် အခြေအနေတွင် အဖွဲ့များ ဖွဲ့စည်း ကယ်ဆယ်နိုင်ရေးအတွက် အရေပါသော အဆောက် အအုံများအား ဆန်းစစ်လေ့လာခြင်းတို့လည်း ထည့်သွင်းဖော်ပြထားပါကြောင်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒုတိယ သမ္မတအား အိမ်များ ပေးအပ်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာတွင် ကျွန်းတောစု ကျေးရွာကို ကျေးရွာ အသစ်တည်ဆောက်ရာမှာ လူနေအိမ် ၁၇၅ လုံးအနက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၃ လုံးနှင့် ကျန် ၁၆၂ လုံးကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်းများ အသင်း ချုပ်က ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ ဆွာဆည်ကျိုးပေါက်မှုဖြစ်ပွားပြီး နာရီပိုင်း အတွင်းမှာပင် အမျိုးသား သဘာ၀ ဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ကြီးနှင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့်တကွ တာဝန်ရှိသူများ အားလုံး ရောက်ရှိလာကာ ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ပဲခူးတိုင်း ဒေသကြိး အစိုးရအဖွဲ့ တိုင်းဒေသကြီး စီမံခန့်ခွဲမှုအနေဖြင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း ထိခိုက်နစ်နာ ဆုံးရှုံး ပျက်စီး၍ လမ်းပန်းဆက်သွယ်ရေး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိ သူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပရဟိတ အဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း အဖြစ် သဲဖုံးလွှမ်းနေ သော လယ်ယာမြေ ဧက ၄၅၈ ဒသမ ၃ ဧက ကိုဖော်ထုတ်ပေးခြင်း၊ မျိုး သီးနှံထောက်ပံ့ပေးခြင်း ၊ စပါး တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်း ကြံ တစ်ဧက လျှင် ငါးသောင်း ကျပ်နှုန်း ထောက်ပံ့ပေး ခြင်း ၊ ဆွာချောင်း တံတားးကြီး အပါအဝင် တံတားပေါင်း ၂၀ စင်း၊ လမ်း ၂၇ လမ်းနှင့် နေအိမ်ပေါင်း ၁၇၅ လုံးတို့ကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြန်လည်ထူထောင် ရေး လုပ်ငန်းများကို စနစ်တကျ အစီအမံများ ရေးဆွဲပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်က ရှင်းလင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “မျောပါသွားတဲ့ ကျွန်းတောရွာကအိမ် ၄၆ လုံး ရှိပါတယ်။ ၄၆လုံးအပြင်ကို မူလ ရွာဟောင်းမှာရှိတဲ့ အိမ်ခြေ ၂၀၀ ကျော် အတွက်ကိုလည်း ဒီမှာပြောင်းရွှေ့နေထိုင်ဖို့အတွက် မြေကွက်တွေ ဖော်ဆောင်ပါတယ်။ ကျွန်းတောစု ရွာ ဘုန်းကြီးကျောင်းရွှေ့ဖို့အတွက်လည်း အသင်းချုပ်အနေနဲ့ ပြန်လည် တည်ဆောက် ရေးလုပ်ငန်းများ လုပ်ဆောင်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း ကျောင်း နှစ်ကျောင်းကို ပြန်လည် တည်ဆောက်လှူဒါန်းတာဖြစ်ပါတယ်။ လူကယ်ပြန်ဝန်ကြီးကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး တစ်အိမ်ထောင်ကို သွပ်၃၂ ချပ် လှူဒါန်းပါတယ်။ ကျွန်တော်တို့အသင်းချုပ်က ဒီနေ့ အိမ်ထောင် ပရိဘောဂပစ္စည်းတွေ တစ်အိမ် တစ်ပုံးနှုန်းနဲ့ လှူပါမယ်။ ဖျာတွေကအစ ပန်းကန် ခွက် ယောက် တွေ ဓာတ်မီးတွေ အိမ်တွင်းသုံးပစ္စည်းတွေ ငွေသားလည်း ကျပ်သုံးသောင်းနှုန်း ပါပါတယ်။ အသင်းချုပ် ရဲ့အလုပ်အမှုဆောင်ဖြစ်တဲ့ ဝင်းဝင်းကုမ္မဏီက ဦးဝင်းဆွေ မိသားစုက တစ်အိမ်ကို စက်ဘီး တစ်စီးနှုန်းနဲ့ စက်ဘီး ၁၆၂ စီး လှူဒါန်းပါတယ်။ ကျန်တဲ့ ၁၃စီးကိုလည်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းပါတယ်”ဟု ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဆွာချောင်း ရေလှောင်တမံ၊ ရေပိုလွှဲ ကျိုးပေါက် မှုကြောင့် ဆည်ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး ဒေသခံ ကျေးရွာများအား ရေလွှမ်းခဲ့ရာ လူဦးရေ ၆၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပြီး ကျေးရွာပေါင်း ၁၇ ရွာ၊ နေအိမ် ပေါင်း ၁၀၉၀၀ ကျော်နှင့် လယ်ယာ ပေါင်း ၃၉၀၂၁ ဧက၊ တံတားအစင်း ၂၀ စင်း ပျက်စီးခဲ့ပြီး လူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့သည်။ ရန်ကုန် – မန္တလေး လမ်းပိုင်းနှင့် ရထားလမ်းတို့လည်း ပြတ်တောက်ပျက်စီးခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.