Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ဒီတိုနေတာ (စနက်တံ) ၁၄,၅၀၀ ချောင်းအား သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ဒီတိုနေတာ (စနက်တံ) ၁၄,၅၀၀ ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၀၁:၂၅ နာရီ တွင်  ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအနီး မန္တလေး-မူဆယ်ကားလမ်း Mobile X-Ray ရိုက်စက်၌ ရဲတပ်ဖွဲ့ဝင်များသည် နောင်ချိုမှ မန္တလေးသို့ ဖြိုးကိုကိုမောင်(ခ)မောင်ဖြိုး(၂၈)နှစ်မောင်းနှင်ပြီး ညီဖြစ်သူ ဖြိုးကိုကိုငယ်(ခ)ပြူးလေး(၂၁)နှစ်တို့လိုက်ပါလာသည့် 7l/xxxx Nissan UD (၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့ခန်းအတွင်းရှိ ဆာလာအိတ်(၅)အိတ်အတွင်းမှ အရှည် ၂.၅ လက်မခန့်ရှိ စနက်တံနှင့် အရှည် ၆ ပေခန့်ရှိ ဝါယာ ၂ ပင် ဆက်သွယ်ထားသည့် ဒီတိုနေတာ ၁၄,၅၀၀ ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စစ်မေးရာ အဆိုပါဒီတိုနေတာများအား အမရပူရမြို့နယ်၊ တောတွင်းကျေးရွာအနီး သရက်ခြံ၌နေထိုင်သူ လေးမင်း(၄၂)နှစ်၏ဆက်သွယ်ပေးမှုဖြင့် လားရှိုးမြို့ရှောင်လမ်း၊ ဘုရားကြီးကုန်းဆင်းအနီး၌ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က 4 Wheel ယာဉ်ဖြင့် လာရောက်တင်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှ သယ်ဆောင်ခ ငွေ ၈၀,၀၀၀ ကျပ်ဖြင့် လေးမင်း(၄၂)နှစ်ထံသယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရ၍ လေးမင်း(၄၂)နှစ်အား ထပ်မံဖမ်းဆီးခဲ့ပြီး စစ်မေးရာ အဆိုပါဒီတိုနေတာများနှင့် ယာဉ်ပိုင်ရှင်မှာ လားရှိုးမြို့နေသူ ဖြစ်ပြီး မည်သည့်နေရာ၌ အသုံးချမည်ကို မသိရှိကြောင်း၊ ဆက်လက်၍ ၂၂:၄၅ နာရီအချိန်တွင် ဖြိုးကိုကိုမောင်(ခ)မောင်ဖြိုး၊ ဖြိုးကိုကိုငယ်(ခ) ပြူးလေးနှင့် လေးမင်း တို့ ၃ ဦး(ဖမ်းမိ)နှင့် ဒီတိုနေတာများ တင်ဆောင်ပေးသူ အမျိုးသား ၃ ဦး (စိစစ်ဆဲ)တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်း(ပ)၂၃၈/၂၀၁၉၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မ ၅/၆ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.