Connect with us

Politics, Law & Military

မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကို မှန်ကန်သော စိတ်ထားများဖြင့် အကျိုးပြုနိုင်ကြစေလိုကြောင်း ကင်းထောက်မောင်မယ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာ ကင်းထောက် ရာပြည့် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office )

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

မြန်မာကင်းထောက်ရာပြည့်အခမ်းအနားမှ စ၍ ကင်းထောက်မောင်မယ်များအားလုံးသည် တစ်နေ့ထက်တစ်နေ့ အားသစ်များမွေးမြူကာ တစ်နှစ်ထက်တစ်နှစ် မှန်ကန်သည့် စိတ်ထားများဖြင့် မိမိတို့ နိုင်ငံသာမက တစ်ကမ္ဘာ လုံးကို အကျိုးပြု နိုင်ကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

မြန်မာကင်းထောက်ရာပြည့်အခမ်းအနားကို ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။

ကင်းထောက် လှုပ်ရှားမှုဆိုသည်မှာ တစ်ကမ္ဘာလုံးဖြင့် သက်ဆိုင်သည့် လှုပ်ရှားမှု ဖြစ်ကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ တည်းနှင့် သက်ဆိုင်သည့် လှုပ်ရှားမှု မဟုတ်ကြောင်း ၊ သို့သော် နိုင်ငံတစ်ခုချင်း၏ ကောင်းကျိုး ပြုမှုသည် တစ်ကမ္ဘာလုံးကို အကျိုးပြုနိုင်သကဲ့သို့ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသည့် ကိစ္စအရပ်ရပ်သည်လည်း နိုင်ငံတစ်ခုချင်းစီကို ထိရောက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားခဲ့သည်။

ကင်းထောက် လှုပ်ရှားမှု နှင့် ပတ်သတ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ ငယ်စဉ်က သမ္မတ ကင်းထောက်များ ဆိုသည့် အဖွဲ့ကို ဖွဲ့ခဲ့ကြောင်း ၊ မိမိသည် ပထမဆုံး စာမေးပွဲ ဖြေဆို အောင်မြင်သည့် လေးယောက်တွင် ပါဝင်ခဲ့ကြောင်း၊ အသက် တစ်ဆယ့်ငါးနှစ်တွင် အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့သည့်အတွက် ကင်းထောက်လှုပ်ရှားမှုများတွင် ဆက်လက်မပါဝင်တော့သော်လည်း ကမ္ဘာတစ်ဝန်းမှ ကင်းထောက်များနှင့် အဆက်အသွယ်ပြတ်သွားသည်တော့ မဟုတ်ကြောင်း၊ ထိုသို့ မပြတ်သွားခြင်းသည် အခြေခံအားဖြင့် ရဲဘော်၊ ရဲဘက်စိတ်ကိုခိုင်ခံ့အောင် ထူထောင် ခဲ့သည့်အတွက် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ်၌ ရပ်ဆိုင်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၀၁၆ခုနှစ် သြဂုတ် ၁၁ ရက်တွင် ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံ ၁၆၃ နိုင်ငံက မြန်မာနိုင်ငံကင်းထောက်အဖွဲ့အား ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် ၁၆၄ မြောက် နိုင်ငံ အဖြစ် ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.