Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ် တွေ့ဆုံ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ လက်ဆွဲ နှုတ်ဆက်စဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ မွန်းလွဲ တစ်နာရီခွဲတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပင်လောင်းရိပ်သာတွင် တတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတူ ဦးဇော်မြင့်မောင် နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိပြီး နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် ကာကွယ်ရေး ဦးစီးချုပ် လာရောက် တွေ့ဆုံမှုသည် ယခု အကြိမ်အပါအဝင် သုံးကြိမ်မြောက် ရှိပြီဖြစ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပထမအကြိမ်၊ ၂၀၁၆ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.