Connect with us

Politics, Law & Military

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် နှစ်စင်း ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ၌ သုံးရက်ကြာ လေ့လာ လည်ပတ်သွားမည်

မြန်မာနိုင်ငံသို့ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့သော အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့သော အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် နှစ်စင်းသည် သုံးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS SARYU နှင့် INS BITRA တို့သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာခဲ့ပြီး စစ်ရေယာဉ်များတွင် အိန္ဒိယနိုင်ငံ ရေတပ်မှ COMMANDING OFFICER ဖြစ်သူ စစ်ရေယာဉ်မှူး CDR SREEKUMAR PILLAI ဦးစီး၍ အရာရှိ၊ စစ်သည် စုစု ပေါင်း ၁၇၄ ဦး လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.