Connect with us

Politics, Law & Military

တပ်မတော်(ရေ )မှ စစ်ရေယာဉ်-အောင်ဇေယျ အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတေ့ွဆုံပွဲ တက်ရောက်ရန်ထွက်ခွာ

ရေတပ်စစ်ရေယာဉ်အားတွေ့ရစဉ်( ဓာတ်ပုံ--မြ၀တီ)

ရန်ကုန်၊ဇန်နဝါရီ၃၁ရက်(ဆင်ဟွာ)

မြန်မာ့တပ်မတော်(ရေ )မှ မောရဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီးထိန်ဝင်း ဦးဆောင်သော စစ်ရေယာဉ်-အောင်ဇေယျသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရေတပ်ဌာနချုပ်(Eastern Naval Command)တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR)သို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၃၀ ရက်နံနက် ထွက်ခွါသွားကြောင်း သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR)ကို အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်-အောင်ဇေယျအပါအဝင် နိုင်ငံတကာရေတပ်များမှ စစ်ရေယာဉ်စုစုပေါင်း ၂၄ စင်း တက်ရောက်မည်ဖြစ်ကြောင်း နှင့် မြန်မာ့တပ်မတော်(ရေ)မှစစ်ရေယာဉ်သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၆၈ နှစ်တာ ကာလအတွင်းအိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းသို့ ဒုတိယအကြိမ် ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.