Connect with us

Politics, Law & Military

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွင်း ပထမဆုံး အရေးကြီးအဆို အဖြစ် ရှမ်းပြည် မြောက်ပိုင်း ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပေးရန် အဆို တင်သွင်း

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၅ ရက်မြောက်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ မြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှု ဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ ၊ ရှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးတို့အား တိုက်တွန်းကြောင်း အရေးကြီး အဆို တစ်ရပ်အား တင်သွင်းခဲ့သည်။

ထိုအရေးကြီး အဆိုအား ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က တင်သွင်းခဲ့ပြီး ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ မြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး နှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ ၊ ရှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးတို့အား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။

ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် အရေးကြီးအဆို တင်သွင်းစဉ် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုနှင့် စပ်လျဉ်း၍ နမ္မတူ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ထောက်ခံသည့် အတွက် အဆိုအား ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ ဆန္ဒရယူခဲ့သည်။

အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူရာတွင် ဆန္ဒမဲပေးခွင့် ရှိသူ ၄၂၂ ဦး ရှိသည့် အနက် ထောက်ခံ ဆန္ဒမဲ ၄၁၂ မဲ ၊ ကန့်ကွက် ဆန္ဒမဲပေးသူ မရှိသဖြင့် အဆိုအား ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ယနေ့နောက်ဆုံးထားပြီး ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.