Politics, Law & Military
ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စုနှင့် လုံးခင်းကျေးရွာ အုပ်စုတွင် ဆန္ဒဖော်ထုတ်မှု နှင့် ပတ်သက်၍ ကွင်းဆင်းညှိနှိုင်း
ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စုနှင့် လုံးခင်းကျေးရွာ အုပ်စုတွင် ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁ဝ နာရီတွင် မြို့နယ်ကော်မတီ လေးရပ်တို့က ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်နေသူများအား သွားရောက် တွေ့ဆုံ၍ ဥပဒေနှင့်အညီ ဆောင် ရွက်ရေး၊ လမ်းပိတ်ဆို့မှု ရုပ်သိမ်း ပေးရေး၊ ဆန္ဒဖော်ထုတ်သူများဘက်မှ လိုလားချက်များ တင်ပြစေရေး ကွင်း ဆင်းညှိနှိုင်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၅ ရက် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ၌ မြေသယ်ယာဉ်များ မြေစာ စွန့်ပစ်နေမှု အပေါ် ရွာအတွင်း လမ်းများမှ ဖြတ်သန်းသည်ကို မလို လားကြသော ပြည်သူတို့က မြေသယ် ယာဉ်များဖြတ်မသွားရန် တားဆီး ပိတ်ဆို့မှုများ ပြုလုပ်ကြကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဆိပ်မူကျေးရွာ ရပ်ကွက်(၁)နေ ဦးဇောင်း(ခ)ဦးဇောင်းလွန်း ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီက ဆိပ်မူကျေးရွာအုပ်စု ကျောက်သွေးတောင် ကျေးရွာ၌ ကုမ္ပဏီများ၏ မြေသယ်ယာဉ်များ လမ်းမပေါ်တွင် ဖြတ်သန်း သွားလာ ခြင်းနှင့် မြေစာစွန့်ပစ်ခြင်းကို လူစု လူဝေးဖြင့် ဆန္ဒဖော်ထုတ်ရန် အတွက် လူများလိုက်လံစုဆောင်း နေသဖြင့် ဦးဇောင်း(ခ)ဦးဇောင်းလွန်း ကို ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးက ခေါ်ယူမေးမြန်းခဲ့ရာ ဖေဖော် ဝါရီ ၁၃ ရက် နံနက် ၉ နာရီမှစ၍ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု တွင် ကျောက်သွေးတောင်၊ နမ့်မှော်၊ မော်လကင်ကျေးရွာများတွင် လည်း ကောင်း၊ လုံးခင်းကျေးရွာအုပ်စုတွင် လုံးခင်းကျေးရွာ မှော်စီစာ၊ မဇွပ်ယန် ကျေးရွာတို့တွင် လည်းကောင်း ခြောက်နေရာခွဲ၍ တစ်ပြိုင်တည်း ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောပြသည့်အတွက် လူစုလူဝေးဖြင့် ဆန္ဒ ဖော်ထုတ်ရာတွင် ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့ သို့ ကြိုတင်ခွင့်ပြုချက်တောင်းခံ၍ ဆန္ဒဖော်ထုတ်ပါရန်နှင့် ခွင့်ပြုချက် မရှိဘဲ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်း၌ မြို့နယ်လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီက ဆန္ဒဖော်ထုတ် သည့် အဖွဲ့ခေါင်းဆောင် ဦးလမောင်လတောင်နှင့် ဦးဘောက် မောင်တို့ကို ခေါ်ယူတွေ့ဆုံ၍ ဆန္ဒ ဖော်ထုတ်ပါက ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဆောင်ရွက်ပါရန် ဥပဒေ ရေးရာကိစ္စရပ်များကို ရှင်းလင်း အသိပေးခဲ့သည်။ သို့သော်လည်း ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီကစ၍ ဦးဇော် တောင် (ကချင်လူမှုကွန်ရက်အဖွဲ့ ခေါင်းဆောင်)နှင့် အင်အား ၂၆ ဦး တို့သည် ဆိပ်မူကျေးရွာအုပ်စု ကျောက်သွေးတောင်၌ လည်း ကောင်း၊ စပေါ့ကျေးရွာ၌ လည်း ကောင်း၊ ဦးနောင်လတ် ဦးဆောင် သော အင်အား ၃ဝ ခန့်သည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု ဆိုင်းရာရွာသစ်ကျေးရွာအဝင် ၌ လည်းကောင်း၊ ဦးသန်းစိုး ဦးဆောင်သော ၁ဝ ဦးသည် ဆိုင်းရာရွာသစ် ရွာလယ်လမ်းမ ၌ လည်းကောင်း ကုမ္ပဏီများ ၏ မြေသယ်ယာဉ်သွားလမ်းကို ပိတ်ဆို့၍ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ပိတ်ဆို့ထားရှိမှုအပေါ် ဖေဖော်ဝါရီ ၁၃ ရက်က မြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဆိပ်မူကျေးရွာအုပ်စု ရပ်မိရပ်ဖ ဦးစိန်ဂီ၊ ဦးလှဆိုင်းတို့က အဆိုပါနေရာတွင် တွေ့ရှိသူ ဦးဆော် ပေါ်(ဦးဆောင်သူ)နှင့် ဦးနောနော် (ဦးဆောင်သူ) အုပ်ချုပ်ရေးမှူး ဆိုင်းရာရွာသစ် ရပ်မိရပ်ဖ ဦးတန်ဂွမ်း တို့အဖွဲ့က ဦးနော်လတ် ဦးဆောင် သောအဖွဲ့တို့ကို လည်းကောင်း အတားအဆီးများအား ပြန်လည် ဖျက်သိမ်း၍ ဥပဒေနှင့်အညီ ဆန္ဒ ဖော်ထုတ်ပါရန် ဆွေးနွေးရှင်းလင်းမှု များဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း ဦးဇော်တောင် နှင့် ဦးနော်လတ် ဦးဆောင်သော အဖွဲ့များက ဆက်လက်ဆန္ဒဖော်ထုတ် လျက်ရှိသဖြင့် ဖေဖော်ဝါရီ ၁၄ ရက် မွန်းတည့် ၁၂ နာရီတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျောက်စိမ်း တူးဖော်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့ ပါဝင် သောအဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ရာ ဆိပ်မူကျေးရွာအုပ်စု ကျောက်သွေး တောင်ရွာ၌ ကုမ္ပဏီများ၏ မြေစာ သယ်သွားကားလမ်း ယာဘက်ဘေး တွင် ယာယီတဲထိုးထားသည့်နေရာ၌ ဦးဆော်ပေါ် ဦးဆောင်သည့် ၁၂ ဦး အဖွဲ့၊ လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာရွာသစ်ကျေးရွာ ရွာလယ် လမ်းမ၌ ဦးသန်းစိုး ဦးဆောင်သည့် သုံးဦးပါအဖွဲ့၊ ဆိုင်းရာရွာသစ်ကျေးရွာ အဝင်လမ်းဆုံရှိ မြဥယျာဉ်ကုမ္ပဏီ မြေစာသယ်ယာဉ်များ ဖြတ်သန်းသွား လာသည့် လမ်းမပေါ်တွင် ဦးနောင် လတ် ဦးဆောင်သော အင်အား ၁၅ ဦးအဖွဲ့တို့က ဆန္ဒဖော်ထုတ်လျက်ရှိ ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ဆန္ဒဖော်ထုတ်သူများအား ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)