Connect with us

Politics, Law & Military

ရန်ကုန်တိုင်းအတွက် ဘတ်ဂျက်ငွေကို ရငွေနှင့် သုံးငွေအပိုအလိုမရှိ ရေးဆွဲထားဟုဆို

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်ငွေကို ရငွေနှင့် သုံးငွေအပိုအလိုမရှိ ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအဆင့် ဌာန၊ အဖွဲ့အစည်းများ ရရှိနိုင်မည့် အခွန်ရငွေ၊ သာမန်ရငွေ၊ ပြည်ပအကူအညီရငွေ၊ ငွေလုံးငွေ ရင်းရငွေ၊ ကြွေးမြီရငွေနှင့် ပြည်ထောင်စု မှရရှိမည့် ဘဏ္ဍာငွေများအား အခြေခံ၍ အသုံးစရိတ်များအား ဦးစားပေးသတ်မှတ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း စုစုပေါင်းရငွေမှာ (၃၃၆ ဒသမ ၂၁၁၅၇) ဘီလီယံဖြစ်ပြီး သုံးငွေမှာ ၃၃၆ ဒသမ ၂၁၁၅၇ ဘီလီယံဖြစ်ပါ၍ ပိုငွေလိုငွေမရှိရေး ဆွဲထားသော ဘတ်ဂျက်ဖြစ်ပါကြောင်း ၎င်းကဆိုသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယမြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်း (၂)ခုအား လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ အကြိမ်လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆုံးဖြတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.