Connect with us

Politics, Law & Military

ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

ဒေသဖွံ့ဖြိုး တိုးတက်ရေး ကို ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီး များ အား ယနေ့ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁)၌ တွေ့ဆုံ မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရေတို၊ ရေရှည် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုး တိုးတက်ရေး ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျ စီမံ ခန့်ခွဲ၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေး ကို ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ပြည်ထောင်စု/တိုင်းဒေသကြီး ဝန်ကြီးများ တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-MOI)

ထို့သို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ ၊ ဦးသန့်စင်မောင် ၊ ဦးခင်မောင်ချို ၊ ဦးဝင်းခိုင် ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.