Connect with us

Politics, Law & Military

၂၁ ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ရေး အတွက် နိုင်ငံရေး မူဘောင်ကို စောင့်ကြည့်မည်ဟု UNFC ဆို

ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC ) မှ ခူဦးရယ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ညီလာခံ-၂၁ ပင်လုံ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ပါဝင်ရေးအတွက် တိုင်းရင်းသားများသည် နောက်ဆုံး နိုင်ငံရေး မူဘောင်ကို စောင့်ကြည့်မည်ဟု ယနေ့ ရန်ကုန်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ခူဦးရယ်က ပြောကြားသည်။

နိုင်ငံရေး မူဘောင်သည် တိုင်းရင်းသား အားလုံး လက်ခံ သဘောတူညီသော မူဘောင် ဖြစ်မလာပါက ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်ရန် မသေချာကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်Political Frame Work ကို ယခင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား သဘောတူထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC ) မှ ခူဦးရယ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ-ဆင်ဟွာ)
၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်ရန် အတွက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် Political Frame Work ကို အပစ်ရပ် လက်မှတ် မထိုးထားသော အဖွဲ့များ အားလုံးနှင့် အစိုးရကြား ပြန်လည်ဆွေးနွေးရန် သဘောတူထားကြောင်း ခူဦးရယ်က ပြောသည်။
“ဒီ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်Political Frame Work ကို Review လုပ်ဖို့ ကျွန်တော်တို့ နဲ့ အစိုးရကြား သဘောတူထားတယ်။ ဒါကြောင့် နားလည်မှု တစ်ခုခု ယူထားဖို့လိုပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်/မဖြစ်က ဒီ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် Frame Work ပေါ် မူတည်နေတယ်”ဟု ၎င်းက ဆိုသည်။
UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ဇူလိုင်လ ၁၇ ရက်တွင် တွေ့ဆုံပြီး
၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးပူးပေါင်း ပါဝင်နိုင်ရေး ဆွေးနွေးခြင်းနှင့် မြောက်ပိုင်း ဒေသများတွင် တပ်မတော်မှ တိုင်းရင်းသား လူမျိုးများအား ဆက်လက် ထိုးစစ်ဆင်နေခြင်းကို ရပ်တန့်ပေးရန် အထူးပြောဆို ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.