Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ တို့တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ဒုဥက္ကဋ္ဌ နှင့်အဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- MOFA)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Stephen Groff ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မတ်လ ၆ ရက်နေ့ ညနေ ၁၅း၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် ပို့ဆောင်ရေး၊ လမ်းတံတားဆောက်လုပ်ရေး၊ ဆက်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများမှ စီမံကိန်းများကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးကိစ္စ ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ADB မှ ပံံ့ပိုးပေးနိုင်မည့် နည်းလမ်းများ ၊ မြန်မာနိုင်ငံတွင် Public-Private-Partnership (အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု) ဆကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည့် အနေအထားများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.