Connect with us

Politics, Law & Military

သီးသန့်ရန်ပုံငွေမှ ကျပ် ၁၈ ဒသမ ၃၆၃ ဘီလီယံ သုံးစွဲခဲ့ခြင်းကို လွှတ်တော်က မှတ်တမ်းတင်

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၆ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ပြဌာန်းချက်အရ ကျပ် ၁၈ ဒသမ ၃၆၃ ဘီလီယံ ( ကျပ်သန်း ၁၈၃၆၃ ဒသမ ၁၁၈) ကို ဝန်ကြီးဌာန လေးခုနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့က ခွဲဝေသုံးစွဲရသည့် ကျိုးကြောင်း ဖော်ပြချက်များအား နိုင်ငံတော် သမ္မတက ပြည် ထောင်စု လွှတ်တော်သို့ဖေဖော်ဝါရီလကုန်တွင် ပေးပို့ခဲ့ရာ ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်း တင်ပြခဲ့ကြအပြီးတွင် လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ချင်းပြည် နယ် အစိုးရအဖွဲ့တို့အတွက် ကြိုတင် မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးခဲ့သော အခြေခံ အဆောက်အအုံများအား ပြန်လည် ပြုပြင် တည်ဆောက်နိုင်ရန် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူ သုံးစွဲခြင်းတွင် အခြား ကိစ္စရပ်များအတွက် ရောနှော ပါဝင်ခြင်း ရှိ မရှိနှင့် ရှိပါက ဥပဒေနှင့် အညီ ခွဲခြား စိစစ် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့က လွှတ်တော်သို့ ရှင်းလင်း တင်ပြကြအပြီးတွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

“ံကြိုတင် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များအတွက် သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၁၈,၃၆၃ ဒသမ ၁၁၈ ခွဲဝေသုံးစွဲသည့် ကိစ္စရပ်များအား ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေနှင့် အညီ သုံးစွဲခဲ့ခြင်း ဖြစ်ပါတယ်၊ ဒါကြောင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ကာကွယ်ရေး ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ၂၄ ခု၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လုပ်ငန်း တစ်ခု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆိုင်ရာ လုပ်ငန်း သုံးခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဆိုင်ရာ လုပ်ငန်း ၁၃ ခုနဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း လေးခု၊ စုစုပေါင်း လုပ်ငန်း ၄၅ ခုအတွက် ကျပ်သန်း ၁၈,၃၆၃ ဒသမ ၁၁၈ သန်း ခွဲဝေ သုံးစွဲထားမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.