Connect with us

Politics, Law & Military

နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို လိုလားပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဆက်လက် ရှင်သန် ဖွံ့ဖြိုးမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဌ (ဥက္ကဌ ပူးတွဲ)ဦးဌေးဦး ပြောကြား


နေပြည်တော် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ယခု ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်မျှတသော ရွေးကောက်ပွဲကြီး ဖြစ်ရန် အင်မတန် အရေးကြီးပြီး အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးစီးသွားမှသာ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းသည် ဆက်လက် ရှင်သန်ဖွံ့ဖြိုးမည်ဟု ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ ့ဖြိုးရေးပါတီ (USDP)ဒုတိယ ဥက္ကဌ (ဥက္ကဌ ပူးတွဲ)ဦးဌေးဦးက ယနေ့စက်တင်ဘာ ၁၂ ရက်တွင် ဆင်ဟွာ သတင်း ဌာနနှင့် သီးသန် ့တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် မည်သူကိုမျှ ပြိုင်ဆိုင်မည် မဟုတ်ဘဲ ကိုယ့်ကိုကိုယ်သာ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၊ ပြည်သူအကျိုးရှိစေရန် ယမန်နေ့ကထက် ယနေ့ပိုကောင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပါတီ၏ အဓိက ရည်မှန်းချက်မှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဌ(ဥက္ကဌ ပူးတွဲ)ဦးဌေးဦးက ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေစဉ်(ဆင်ဟွာ)

“ဒီနေ့နိုင်ငံတော် သမ္မတ ကြီးတို့ဆောင်ရွက်နေကြတဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး အပါအဝင် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့တိုင်းပြည်ထဲမှာ ကိုယ့်ရဲ့စီးပွားရေး လုပ်ငန်း လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေပါပဲ။ ဒါကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကျွန်တော်တို့လိုချင်တယ်။ ကျွန်တော်တို့ဘာလမ်းကြောင်းကို သွားနေသလဲဆိုရင် ဒီလမ်းကြောင်းကတော့ ရှင်းပါတယ်။ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ကျွန်တော်တို့သွားနေတယ်။နိုင်ငံရေး လမ်းကြောင်းသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ၊ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ် အဲဒီအတိုင်း သွားနေတာပေါ့။”ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်ရာတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှုဝါဒသည် ပါတီကို ကြည့်ရမည် ဖြစ်သကဲ့သို့ကိုယ်စားလှယ်လောင်းကိုလည်း ကြည့်ရမည်ဟုလည်း ပြောကြားခဲ့သည်။

“အခု မဲဆွယ်စည်းရုံးရေးကာလ ရလာတဲ့အခါ ပါတီရဲ့လုပ်ဆောင်မှုတွေရယ် ၊ မှုဝါဒတွေရယ် ၊ လက်တွေ့လုပ်နေတဲ့ လုပ်ငန်းတွေရယ် ဘယ်သူနဲ့သွားပေါင်းစပ်ရသလဲ ဆိုတော့ ကိုယ်စားလှယ်နဲ့သွားပေါင်းစပ်ရတယ်။ဒါကြောင့် ဒီကိုယ်စားလှယ်တွေနဲ့ပတ်သတ်လို့ဒီကိုယ်စားလှယ်တွေ စရွေးထဲက နယ်မြေမှာ အကျိုးရှိတဲ့ လုပ်ငန်းတွေ သူလုပ်ခဲ့ဘူးသလားလို့စပြီး ကြည့်တာပဲ။ လုပ်ခဲ့ဘူးတဲ့ သူဖြစ်ရမယ်။လုပ်လဲ လုပ်နိုင်တဲ့သူ ဖြစ်ရမယ်။လုပ်လည်း လုပ်တတ်တဲ့သူ ဖြစ်ရမယ်။လက်ရှိလည်း လုပ်နေရမယ်။နောင်ကိုလည်း လုပ်နေမယ့်သူ ဖြစ်ရမယ်။”ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဌ (ဥက္ကဌ ပူးတွဲ)ဦးဌေးဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဌ(ဥက္ကဌ ပူးတွဲ)ဦးဌေးဦးက ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေစဉ်(ဆင်ဟွာ)

ပြည်ခိုင်ဖြိုးပါတီသည် အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့သော်လည်း အစိုးရအဖွဲ့သည် လွတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ပေးလိုက်သော အစိုးရ အဖွဲ့အစည်းဖြစ်ကြောင်း ၊ အစိုးရလက်ထက် ဆောင်ရွက်ချက်အောင်မြင်မှုများ အနေဖြင့် သိသာထင်ရှားသော အပြောင်းအလဲမှာ နိုင်ငံတကာ ဆက်ဆံရေး ဖြစ်ကြောင်း ၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ ဒေသတွင်းနိုင်ငံများ ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်သကဲ့သို့ ယခင်က ပူးပေါင်းဆောင်ရွှက်မှု မရှိခဲ့သော နိုင်ငံများမှလည်း ပူးပေါင်းဆောင်ရွက်မှု ၊ ဆက်ဆံရေး ပိုမို ကောင်းမွန်လာသည်။မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဌတာဝန်ကိုလည်းကောင်း ၊ ကမ္ဘာ့စီးပွားရေးဖိုရမ်များ ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး မိတ်ဆွေနိုင်ငံများ အကူအညီဖြင့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပွဲတော်ကို ကျင်းပနိုင်ခဲ့သည်။နိုင်ငံတကာ ဆက်ဆံရေး ပြောင်းလဲလာသည်နှင့်အမျှ ပူးပေါင်းဆောင်ရွက်မှု များစွာ ရှိခဲ့ကြောင်း ယင်းတို့အထဲတွင် ဥပမာအားဖြင့် မကြာမီဖွင့်လှစ်မည့် သီလဝါ စက်မှုဇုန် စီမံကိန်းများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်သည် ယခင်နှင့် နိူင်းယှဉ်ပါက များစွာ လွတ်လပ်လာခဲ့ကြောင်း ၊ ဈေးကွက်စီးပွားရေးစနစ်အရ ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိက ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကားများ လူလတ်တန်းစား အဆင့် တင်သွင်းဝယ်ယူနိုင်ခြင်းများအပါအဝင် ကျန်းမာရေး ၊ ပညာရေး ကဏ္ဍ တိုးတတ်ပြောင်းလဲလာမှု ဖြစ်စဉ်များ အပြင် ယခု နိုင်ငံတော် သမ္မတ လက်ထက်တွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွှက်နေပြီး မကြာမီ လက်မှတ်ရေးထိုးနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ် ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ တို့အကြား ဆက်ဆံရေးသည် အင်မတန် ခိုင်မြဲပြီး ယုံကြည်မှု ၊ အပြန်အလှန် လေးစားမှုများ ရှိသကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွှက်မှုများ အောင်မြင်ရန် ပြည်သူလူူထု၏ သဘောထားကို ဂရုစိုက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပိုးလမ်းမကြီး စီမံကိန်းသည် အမှန်တကယ် ကောင်းမွန်သော စီမံကိန်း ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဆက်သွယ်ရေး လမ်းကြောင်း ခိုင်မာရန် လိုအပ်ကြောင်း ယင်းကိစ္စကို အားလုံး အောင်အောင်မြင်မြင် ဖြစ်အောင် ကြိုးစား ဆောင်ရွှက်ရန်သာ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသည် လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၁၃၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။(Xinhua)