Connect with us

Politics, Law & Military

ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ရရှိရန် ဆောင်ရွက်ပေးမည်ဟု သူရ ဦးရွှေမန်းဆို

သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကြူအင်းကျေးရွာရှိ ဒေသခံများအား မဲဆွယ် စည်းရုံးနေစဉ် (ဓာတ်ပုံ-H.E. Thura U Shwe Mann Facebook)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့လျှင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ကိစ္စများကို ဒေသခံတွေ အားလုံး ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရ ဦးရွှေမန်းက ယနေ့ ဖြူးမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားသည်။

နိုင်ငံသား တစ်ယောက် ရပိုင်ခွင့်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ကို အဆုံးရှုံးမခံဘဲ မဲပေးကြရန်နှင့် မဲပေးရာတွင် စေတနာ မှန်မှန်ဖြင့် နိုင်ငံနှင့် နိုင်ငံသားများအကျိုးကို ဆောင်ရွက်ပေးနိုင်သော လူမျိုးကို ရွေးချယ်ရန် မဲဆွယ် စည်းရုံးခရီးစဉ်တွင် သူရ ဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

ယင်း မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် သူရ ဦးရွှေမန်းသည် ဖြူးမြို့နယ်အတွင်းရှိ ကြူအင်းကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်း ထပ်မံ၍ လူထုနှင့် တွေ့ဆုံမည် ဖြစ်သည်။

သူရ ဦးရွှေမန်းသည် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိင်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဖြူးမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရ ဦးရွှေမန်းအပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဒေါ်နန်းခင်ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသန်းညွှန့်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီက ဒေါ်နန်းစန်းစန်းယု၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်တင်မာဝင်းနှင့် တစ်သီးပုဂ္ဂလ အဖြစ် ဦးကိုကိုကျော်နှင့် ဒေါ်မြတ်နုခိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ (Xinhua)