Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများ မတ်လ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက် ကတိသစ္စာ ပြုမည်

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများက ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းများကို မတ်လ ၃၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အစီအစဉ် လျာထားချက် အရ သိရသည်။

ထို့အတူ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိပြီး ဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ဝန်ကြီးများသည် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တတ်ရောက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
ထိုပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များထံသို နိုင်ငံတကာမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.