Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပရန် ဆုံးဖြတ်

၆ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် ခိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ညိုနှိုင်း အစည်းအဝေး (JICM)အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန် ယနေ့ ပြုလုပ်သော ၆ ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၆ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် ခိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ညှိနှိုင်း အစည်းအဝေး (JICM)တွင် ၎င်းဆုံးဖြတ်ချက် အပါအဝင် ဆုံးဖြတ်ချက် ၇ ရပ် ချမှတ်ခဲ့ကြောင်း သိရသည်။ထိုဆုံးဖြတ်ချက်များမှာ (၁) တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာအလုပ်အဖွဲ့၏ အစီရင်ခံစာကိုအတည်ပြုရန်၊(၂) RCSS-SSA ၏ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပပြုလုပ်ရန်၊ (၃) ALP ၏ အမျိုးသားအဆင့်နိုင်ငံရေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ (၄) ပြည်ထောင်စုသဘောတူစာချုပ် အကောင် အထည်ဖော်ခြင်းဆိုင်ရာကိစ္စရပ်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်၊ (၅) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန်၊ (၆) ၇ ကြိမ်မြောက် JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန်၊ (၇) ဆက်လက်ဆွေးနွေးရန် အချက်အချို့မှအပ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ လုပ်ငန်းလမ်းညွှန် ToR များနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း ဆိုင်ရာလုပ်ထုံလုပ်နည်း Standard Operating Procedure-SOP များကို အတည်ပြုခြင်း စသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

၆ ကြိမ်မြောက် JICM အစည်း အဝေး သို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့လည်း ပါဝင် တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.