Connect with us

Politics, Law & Military

၉ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၃,၂၀၆ ဆု အတွက် ငွေကျပ် ၁၁ ဘီလျံကျော် ဆုကြေး ချီးမြှင့်မည်

ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၉ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၃,၂၀၆ ဆု အတွက် ငွေကျပ် ၁၁ ဘီလျံကျော် ဆုကြေးငွေများ ချီးမြှင့်မည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲ၏ ထုတ်ပြန်မှု အရ သိရသည်။

၉ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ကျပ်သိန်း တစ်သောင်းဆု ၁ ဆု ၊ ကျပ်သိန်း(၅)ထောင်ဆု ၂ ဆု ၊ ကျပ်သိန်း(၃)ထောင်ဆု ၃ ဆု ၊ ကျပ်သိန်း (၁) ထောင် ဆု ၆ ဆု အပါအဝင် စုစုပေါင်း ဆုမဲ အရေအတွက် ၁၂၃၂၀၆ ဆု အတွက် ငွေကျပ် ၁၁ ဘီလျံကျော်ကို ဆုငွေ အဖြစ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

(၉)ကြိမ်မြောက် ကျပ်(၅၀၀)တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ‘က’ အက္ခရာမှ ‘အ’ အက္ခရာ အထိ အက္ခရာ(၃၃)လုံး နှင့် ‘ကက’ အက္ခရာမှ ‘ကဎ’ အထိ အက္ခရာ(၁၄)လုံး ထုတ်ဝေထားကာ စုစုပေါင်း အက္ခရာ အလုံးရေပေါင်း ၄၇ လုံး ရောင်းချခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.