Connect with us

Politics, Law & Military

ပြည်ပသို့ မိန်းကလေးများ တရားမဝင်တင်ပို့ရန်စုဆောင်းမှု ဖမ်းဆီးမိ

လူကုန်ကူးမှု အပါအဝင် မူခင်းများ ကာကွယ်ရန်အတွက် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ဆောင်ရွက်မှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် မိန်းကလေး(၃၈)ဦးအား ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်စုဆောင်းထားခြင်းတစ်ခုအား အရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ်(၃၁) ရှိ တိုက်ခန်းတစ်ခန်းတွင် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင်လူများ စုဆောင်းထားကြောင်းသတင်းအား အတည်ပြုခဲ့ရာတွင် အဆိုပါတိုက်ခန်းအတွင်း၌ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိနေသော မိန်းကလေး(၃၈)ဦးအား တွေ့ရှိရသဖြင့် စိစစ်ခဲ့ရာ အဆိုပါမိန်းကလေး များသည် လွန်ခဲ့သော(၁)လခန့်မှစ၍ တိုက်ခန်းသို့ရောက်ရှိနေပြီး အောင်စံကျော် (General International)ကုမ္ပဏီ က စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် စီစဉ်ပေးကြောင်း၊ အင်္ဂလိပ် စကားပြော များသင်ကြားပေးလျက်ရှိကြောင်း၊ (General International) ကုမ္ပဏီမှာ လုပ်ငန်းလိုင်စင်စည်းကမ်း ဖောက်ဖျက်သောကြောင့် ၃၀.၁.၂၀၁၈ ရက်မှစ၍ ရာသက်ပန်ပိတ်သိမ်းထားသော ကုမ္ပဏီဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မိန်းကလေး(၃၈)ဦးအား ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်စုဆောင်းသူ အောင်စံကျော်၊ ၄၀နှစ်၊ (ဘ)ဦးမြရွှေ၊ အမှတ်(၅၀)၊ ဦးဘအိုလမ်း၊ (၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်အား အရေးယူပေးရန် မရမ်းကုန်း မြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ၁၉.၁၁.၂၀၁၈ ရက် ၂၀း၃၀နာရီ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၂၃၉၂ / ၂၀၁၈၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့်အမှုဖွင့်လှစ်ပြီး ပြစ်မှုကျုးလွန်သူအား စစ်ဆေးလျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.