Connect with us

Politics, Law & Military

ရှမ်းပြည်နယ်ဖယ်ခုံ၊ ပင်လုံ၊ မိုင်းပွန်နှင့် မိုင်းပန်မြို့နယ်တို့တွင်ဘိန်းခင်းများ ဖျက်ဆီး

ဘိန်းခင်းများအားဖျက်ဆီးစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လုံ၊ မိုင်းပွန်နှင့် မိုင်းပန်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် လွယ်ယင်းကျေးရွာ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် အမြင့်နှစ်ပေ ခန့်ရှိ ဘိန်းစိုက်ခင်း ၁၁ ဧကခန့်ကို နိုဝင်ဘာ ၂ဝ ရက် နံနက် ၈ နာရီက ဘီကင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တွေ့ရှိဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က ပင်လုံမြို့နယ် ထွေးရီကျေးရွာ၌ ဘိန်းစိုက်ခင်း သုံးဧကခန့်အား လည်းကောင်း၊ မိုင်းပွန်မြို့နယ် လွယ်မွတ် ကျေးရွာ၌ ဘိန်းစိုက်ခင်း လေးဧကခန့်အား လည်းကောင်း၊ မိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စု၌ ဘိန်းစိုက်ခင်း ၁၂ ဒသမ ၃၅ ဧက ခန့်အားလည်းကောင်း တွေ့ရှိဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.