Connect with us

Politics, Law & Military

ဗဟိုဘဏ်မှ ကျပ် ဘီလျံ ၅၅၀ ကျော်လွန်ချေးယူခဲ့ရခြင်းကို လွှတ်တော် အတည်ပြု

စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယ၀န်ကြီး က လွှတ်တော်၌ ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေကို ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၅၅၃ ဒသမ ၅၄၃ ဘီလျံ ကျော်လွန် ချေးယူခဲ့ရခြင်းကို ပြည်ထောင်စု လွှတ်တော်က ယနေ့ အတည်ပြုခဲ့သည်။

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအတွက် ဗဟိုဘဏ်မှ ငွေချေးယူရန် မူလ လျာထားငွေ ကျပ် ၁၂၃၆ ဘီလျံထက် ကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလျံ ကျော်လွန်ချေးယူမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ယခင် အပတ်က ဝေဖန် ထောက်ပြ ဆွေးနွေး အကြံပြုခဲ့ကြသည်။ အဆိုပါ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးသိမ်းတို့က ယနေ့ အစည်းအဝေးတွင် ပြန်လည် ရှင်းလင်း တင်ပြခဲ့ပြီးနောက် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝငိးက “လိုငွေ ဖြည့်ဆည်းခြင်းကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက်မှ တင်ပြရခြင်းမှာ ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်းသို့ အဝင် အထွက် စာရင်းများကို နှစ်ချုပ် စာရင်း ပိတ်သိမ်းခြင်း၊ ဗဟိုဘဏ် ဒါရိုက်တာဘုတ်အဖွဲ့ အတည်ပြုချက်ရယူခြင်းတို့ကို အဆင့်ဆင့် ဆောင် ရွက်ခြင်း၊ ဗဟိုဘဏ်နှင့် စီမံ-ဘဏ္ဍာ ဝန်ကြီးဌာနတို့အကြား အပြန်အလှန်ညှိနှိုင်းရခြင်းတို့ကြောင့် ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ ပိုငွေ လိုငွေ အခြေအနေကို ဇွန်လ လဆန်းကျမှ သိရပါတယ်၊ ပြီးမှ စီးပွားရေးရာ ကော်မတီသို့ တင်ပြခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူခြင်း၊ အတည်ပြုချက် ရရှိပြီးမှ နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်ကို အကြောင်း ကြား ခြင်း တို့ကို အဆင့်ဆင့်ဆောင်ရွက်ရတဲ့ အတွက် အခုမှ တင်ပြရခြင်းဖြစ်ပါတယ်” ဟု ပြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.