Connect with us

Politics, Law & Military

ယေဘုယျသဘောတူညီမှုမှ ခိုင်မာသော သဘောတူညီမှုအဆင့် ဖြစ်ဖို့လိုအပ်

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဌ (၃) ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦး အမှာစကားပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ယနေ့ ဆွေးနွေးပွဲတွင် ယခင်က ဆွေးနွေးပွဲရလဒ်များကဲ့သို့ ယေဘုယျ သဘောတူညီချက်များ ဖြင့်သာ ရပ်တန့်မနေဘဲ တိကျခိုင်မာသည့် အခြေအနေတစ်ခုအဆင့် ရောက်ရှိဖို့လိုအပ်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခူဦးရယ်က နေပြည်တော် NRPC တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ယခင်က ဆွေးနွေးပွဲများ ပြီးစီးသည့်အခါတိုင်း ယေဘုယျ သဘောတူညီချက် (Principle agreed) ဆိုသည့် အဖြေမျိုးသာ ရရှိခဲ့ကြောင်း။ ထိုအဖြေမျိုးတွင် ရပ်တန့်မနေသင့်တော့ကြောင်း၊ ယေဘုယျ သဘောတူသည်ဟူသော ဝေါဟာရကို သုံးလိုက်ခြင်းအားဖြင့် အဆုံး၌ မည်သို့ပင် ကောက်ချက်ချ သည် ဖြစ်စေ သဘောမတူသကဲ့သို့ပင် ဖြစ်သည်ဟု မိမိ ခံစားရကြောင်း၊ ထို့ကြောင့် အများ ကြားကောင်းရုံ ယေဘုယျ သဘောတူသည် ဟူသည့် အဆင့်ကို ကျော်လွန်ပြီး ခိုင်မာ တိကျသည့် အကောင်အထည် လက်ဆုပ် လက်ကိုင်ပြုပြီး တကယ်တမ်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မျိုးကို သွားသင့်သည်ဟု မိမိ ထင်မြင်ပါကြောင်း၊ မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေး ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းသွားမှာဖြစ်ပြီး လျှောက်လှမ်းလာသည့် ခရီးစဉ်ကို နောက်ပြန်ဆုတ်မည် မဟုတ် ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒုတိယ ဥက္ကဌ (၃) ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ဆက်စပ်တဲ့ နေရာဒေသ တွေမှာရှိတဲ့ ဒေသခံတိုင်းရင်း သားတွေအနေနနဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးရလဒ်တွေကို ရရှိခံစားနိုင် စေဖို့နဲ့ သူတို့ရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှုအပါအဝင် NRPC ရဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေနဲ့ IDP တွေ ပြန်လည်နေရာချ ထားဖို့ကိစ္စတွေ၊ အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်နေ ပါတယ်။ တစ်ချိန်တည်းမှာပဲ KNPP အပါအဝင် NCA လက်မှတ်မရေးထိုး ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး NCA အောက်မှာ ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်း ပြီးတော့ ဒေသအကျိုးစီးပွားတွေကို ထိထိရောက်ရောက်ဖော်ဆောင်နိုင်ဖို့ အားလုံးရည်မှန်း ထားတဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်နိုင်ဖို့အတွက် အစိုးရ အနေနဲ့ လမ်းဖွင့်ထားသလို ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါ တယ်” ဟု ပြောကြားခဲ့သည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခူဦးရယ် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် KNPP တို့ တွေ့ဆုံဆွေးနွေးကြစဉ်။(ဆင်ဟွာ)

NRPC နှင့် တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာKNPP အဖွဲ့သည် ယခင်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အစကတည်းက ပါဝင်ခဲ့သော အဖွဲ့ဖြစ်သောကြောင့် NCA စာချုပ် ဖြစ်တည်မှုမှာလည်း KNPP အဖွဲ့သည် အဓိက နေရာက ပါဝင်ခဲ့သည်ဟု ဆိုနိုင်ကြောင်း၊ UNFC ရဲ့ နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ဖြစ်တဲ့ DPM မှာ KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်ပြီး အစိုးရနဲ့ NCA ရေးထိုးနိုင်ဖို့အတွက် UNFC အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းရာမှာလည်း အားလုံးနီးပါး သဘောတူနိုင်မယ့် အခြေအနေ အထိ အခြေအနေကောင်းများ လက်ရှိ အစိုးရလက်ထက်မှာ KNPP သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ DPM ကာလအပါအဝင် ၂၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ တွေ့ဆုံမှု တိုင်းမှာလည်း ရလဒ်ကောင်းများ၊ အပြန်အလှန် နားလည်ယုံကြည်မှုများ တိုးတက်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ရှေ့တစ်လှမ်းတိုး၍ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြည့်အဝ ပါဝင်ဖို့ကိုလည်း အလေးအနက်ထားတိုက်တွန်းလိုပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နေပြည်တော် NRPC တွင် ပြုလုပ်သော အဆိုပါ တွေ့ဆုံပွဲသို့အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတရုံးက အကြံပေးပုဂ္ဂိုလ် တို့တက်ရောက်ခဲ့ကြပြီး ကရင်နီဒေသ စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကိစ္စများ၊ ဆက်လက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.