Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၇၅,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး

ဖမ်းဆီးရမိသူအားစိတ်ကြွရူးသွမ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၇၅,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၂ ရက် ၁ရး၀၀ နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာ၊ မောင်တော-အငူမော်သွားကားလမ်းဘေး၌ ရပ်ထားသည့် HINO အမျိုးအစား မော်တော်ယာဉ်ကို စောင့်ကြည့်နေခဲ့ကြောင်း၊ ၎င်းမော်တော်ယာဉ်အနီးသို့ ရောက်ရှိလာသည့် မြင့်စိုး၏မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် နောက်ပြန်လှည့်မောင်းပြေးသွားခဲ့ကြောင်း၊ ထိုသို့မောင်းပြေးစဉ် ကားလမ်းပေါ်တွင် ကျကျန်ခဲ့သည့် မြင့်စိုး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ ခု၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်းမှ စိတ်ကြွသွပ်ဆေးပြား ၈၇.၇၅ သိန်းကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ ယင်းနောက် ပူးပေါင်းအဖွဲ့ဖြင့်ရှာဖွေခဲ့ရာ မြင့်စိုးအား မောင်တောမြို့၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.