Connect with us

Politics, Law & Military

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ငွေကျပ် ၇၁,၉၉၇. ၂၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားစိတ်ကြွဆေးပြားများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ငွေကျပ် ၇၁,၉၉၇. ၂၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂ ရက် ၂၃း၀၅ နာရီ တွင် မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ ဇင်းပြွန်ကျးရွာအုပ်စု၊ ပျဉ်းဝကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးစခန်းတွင် သိန်းကျော် မောင်းနှင်ပြီး ကျော်မင်းဦး(ခ)ကိုကျော်ကြီးနှင့် အောင်စိန်တို့လိုက်ပါလာသည့် DYNA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြကြောင်း သိရသည်။

၎င်းမော်တော်ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၃၉,၉၄၅ ပြား၊ ငွေ ၉,၁၈၉,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၅ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိန်းကျော်(၃၇)နှစ်၊ ကျော်မင်းဦး(ခ) ကိုကျော်ကြီး (၃၆)နှစ် နှင့် အောင်စိန်(၅၃)နှစ်တို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.