Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါ ဖက်ဒရေးရှင်း သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့  နေပြည်တော် တပ်မတော်လေဆိပ်မှ နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံသို့ ထွက်ခွာ သွားရောက်စဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နီပေါ တပ်မတော် ကြည်းတပ် ဦးစီးချုပ် Gen. Ranjendra Chhetri ၏ ဖိတ်ကြားချက် အရ နီပေါ ဖက်ဒရေးရှင်း သမ္မတ နိုင်ငံသို့ ယနေ့ဒီဇင်ဘာ ၁၀ ရက်တွင် ချစ်ကြည်ရေး ခရီး သွားရောက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နီပေါနိုင်ငံနယ်ဘက်၊ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များအားလေ့လာခြင်းနှင့် အထင်ကရနေရာ များအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် သွားရောက်သည့်ခရီးစဉ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)