Connect with us

Politics, Law & Military

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု တိုင်ကြားစာ ၁၃၄ဝ တွင် ၉၂၈ မှုအား ဖြေရှင်းထား

တွံ့တေးမြို့နယ်အတွင်းရှိ လယ်ယာမြေများအားတွေ့ရစဉ်(ဓာတ်ပုံ-AKK)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးရှိ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု တိုင်ကြားစာ ၁၃၄ဝ တွင် ၉၂၈ မှုအား ဖြေရှင်းထားပြီးဖြစ်ကြောင်း တိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီထံမှ သိရသည်။

အဆိုပါ ဖြေရှင်းပြီးသည့် အမှု ၉၂၈ မှုတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အသုံး ပြုရန်လိုအပ်ချက်အရ မစွန့်လွှတ် အမှုပေါင်း ၂၄၁ မှု၊ သက်ဆိုင်ရာ တင်ပြတိုင်ကြားသူနှင့် မြေရယူ ထားသည့် အဖွဲ့အစည်းများဖြင့် အချင်းချင်းညှိနှိုင်းပြေလည်သွားသည့် အမှု ၆၅ မှု၊ ဝန်ကြီးဌာနများအရသော် လည်းကောင်း၊ ဌာနဆိုင်ရာများအရ သော်လည်းကောင်း အသုံးပြုရန် လိုအပ်ချက်ထက် ပိုနေသောဧက များကို ပြန်လည်စွန့်လွှတ်သည့် အမှုပေါင်း ၁၁ မှု၊ ဝန်ကြီးဌာနများ အနေဖြင့် အသုံးပြုရန် လုံးဝလိုအပ်မှု မရှိတော့သဖြင့် ပြန်လည်အပ်နှံသည့် အမှုပေါင်း ၂၇ မှု၊ အကြောင်းအရာတူ၊ တိုင်စာတူ တင်ပြတိုင်ကြားသည့် ပုဂ္ဂိုလ်မှ လိုအင်ဆန္ဒမပြည့်ဝသဖြင့်အကြိမ်ကြိမ် တင်ပြတိုင်ကြားနေ သည့်အမှု ၃၁ဝ မှု၊ ပုဂ္ဂလိက အချင်းချင်း တရားရင်ဆိုင်ရသည့် အမှုများတွင် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီတွင် လည်းကောင်း၊ တရား ရုံးတွင် လည်းကောင်း တရား ရင်ဆိုင်၍ ဖြေရှင်းနေသည့် အမှုပေါင်း ၂၄၉ မှု၊ အမည်လွှဲများဖြင့် တိုင်ကြား သည့် မှားယွင်းတိုင်ကြားစာ အမှုပေါင်း ၂၅ မှု စုစုပေါင်း ၉၂၈ မှုကို ဖြေရှင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြန်ကြာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ဖြေရှင်းပေးရန် ကျန်ရှိနေသော အမှုပေါင်း ၄၁၂ မှုတွင် ၁၉၈၈ ခုနှစ် မတိုင်မီတိုင်ကြားစာအမှု ၁၉ မှု ရှိ၍ အလားတူ ဥပဒေကြောင်း အရ ရင်ဆိုင်ပြီး ဖြေရှင်းရမည့် အမှုများပိုများကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.